လက်ရွေးစင်ကစားသမားဟောင်း ကျော်ဇေယျာဝင်းကို ဧရာဝတီ ၂နှစ်စာချုပ်ချုပ်ဆို

လက်ရွေးစင်ကစားသမားဟောင်း ကျော်ဇေယျာဝင်းကို ဧရာဝတီ ၂နှစ်စာချုပ်ချုပ်ဆို
ဧရာဝတီအသင်းသို့ပြောင်းရွှေ့ရောက်ရှိခဲ့သည့် ကျော်ဇေယျာဝင်း။ (ဓာတ်ပုံ- ဧရာဝတီယူနိုက်တက်)

ဒီဇင်ဘာ ၁၈၊ ရန်ကုန်။       ။ လာမည့်နှစ်ဘောလုံးရာသီတွင် မြန်မာနေရှင်နယ်လိဂ်၊ ဗိုလ်ချုပ်အောင်ဆန်းဒိုင်းရှုံးထွက်ပြိုင်ပွဲ၊ AFC Cup ပြိုင်ပွဲ သုံးရပ်ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီယူနိုက်တက်အသင်းသည် မြန်မာ့လက်ရွေးစင်ကွင်းလယ်ကစားသမားဟောင်း ကျော်ဇေယျာဝင်းကို ၂နှစ်စာချုပ် ချုပ်ဆိုခေါ်ယူခဲ့သည်။

ကျော်ဇေယျာဝင်းမှာ ၂၀၁၅ဘောလုံးရာသီအပြီးတွင် ကမ္ဘောဇအသင်းနှင့်လမ်းခွဲခဲ့ပြီး အသင်းလက်မဲ့ဖြစ်နေရာမှ ဧရာဝတီအသင်းထံသို့ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။

“ဧရာဝတီအသင်းမှာ ပြန်ကစားခွင့်ရလို့ဝမ်းသာပါတယ်။ အသင်းအတွက်အကောင်းဆုံးကစားပြီး လက်ရွေးစင်အသင်းမှာ ပြန်ပါနိုင်အောင်လဲ ကြိုးစားမှာပါ။ ဧရာဝတီအသင်းမှာ ပုံမှန်ပွဲထွက်ခွင့်ရဖို့ ကြိုးစားမှာပါ။”ဟု ကျော်ဇေယျာဝင်းကပြောသည်။

ကျော်ဇေယျာဝင်းမှာ ၂၀၀၉ခုနှစ်မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲစတင်ချိန်က ရန်ကုန်ယူနိုက်တက်အသင်းတွင် ကစားခဲ့ပြီးနောက် ဒယ်လ်တာယူနိုက်တက်(ယခု ဧရာဝတီ)၊ ကမ္ဘောဇအသင်းများတွင် ကစားခဲ့သူဖြစ်သည်။ ၂၀၁၁ ဆီးဂိမ်းပြိုင်ပွဲဝင်ယူ-၂၃အသင်းတွင်ရွေးချယ်ခံခဲ့ရပြီး လက်ရွေးစင်ကစားသမားဘဝစခဲ့ကာ ၂၀၁၃ ဆီးဂိမ်း၊ ၂၀၁၄ ဆူဇူကီးပြိုင်ပွဲများတွင် အဓိက ကစားသမား အဖြစ်ပါဝင်ခဲ့သည်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly