အိမ်ရှင်မြန်မာဟော်ကီအသင်း အာရှဖလားဝင်ခွင့် လွဲချော်

အိမ်ရှင်မြန်မာဟော်ကီအသင်း အာရှဖလားဝင်ခွင့် လွဲချော်
တရုတ်(တိုင်ပေ)နှင့် ဟောင်ကောင်အသင်းတို့ ကစားစဉ်။ (ဓာတ်ပုံ - သောကြာ)

ဒီဇင်ဘာ ၁၈၊ ရန်ကုန်။             ။ ဒုတိယအကြိမ် အာရှအမျိုးသား ဟော်ကီဖိတ်ခေါ် ပြိုင်ပွဲ အုပ်စုနောက်ဆုံးပွဲစဉ်တွင် အိမ်ရှင်မြန်မာ အသင်းက တရုတ်အသင်းကို ရှုံးနိမ့်ခဲ့သောကြောင့် ဗိုလ်လုပွဲ တက်ခွင့်လွဲချော်ခဲ့သလို အာရှဟော်ကီ ဖလားပြိုင်ပွဲ ဝင့်ခွင့်ကိုလည်း လက်လွှတ်ခဲ့ရသည်။

မြန်မာအသင်းသည် အုပ်စုအဖွင့်ပွဲတွင် တရုတ် (တိုင်ပေ)အသင်းကို ၄-၂ ဂိုးဖြင့် ရှုံးခဲ့ပြီး အုပ်စု ဒုတိယပွဲတွင် ဟောင်ကောင်အသင်းကို ၂-၁ ဂိုးဖြင့် ပြန်လည်အနိုင်ရခဲ့သည်။ သို့သော် အုပ်စုနောက်ဆုံး ပွဲ၌မူ တရုတ်အသင်းကို ၅-၀ ဂိုးဖြင့် ထပ်မံရှုံးခဲ့သော ကြောင့် ဗိုလ်လုပွဲတက်ခွင့် လက်လွှတ်ခဲ့ရခြင်း ဖြစ် သည်။

တရုတ်အသင်းသည် အုပ်စုသုံးပွဲကစားပြီး တွင် သုံးပွဲစလုံး အနိုင်ရပြီး ဗိုလ်လုပွဲ တက်ခဲ့ခြင်းဖြစ် သည်။ အလားတူ တရုတ်(တိုင်ပေ) အသင်းသည် သုံးပွဲကစား နှစ်ပွဲ နိုင်၊ တစ်ပွဲ ရှုံး ရမှတ် ခြောက်မှတ် ရကာ ဗိုလ်လုပွဲ တက်ရောက်ခြင်းဖြစ်သည်။

မြန်မာ အသင်းနှင့် ဟောင်ကောင် အသင်းတို့မှာ တတိယ နေရာလုပွဲအဖြစ် ကစားရမည်ဖြစ်သည်။

ဟောင်ကောင်အသင်းသည် အုပ်စု သုံးပွဲစလုံး ရှုံးနိမ့်ထား သည်။၂၀၁၅ ခုနှစ် ဒုတိယအကြိမ် အာရှအမျိုးသားဖိတ်ခေါ် ဟော်ကီ ပြိုင်ပွဲ၏ ဗိုလ်လုပွဲနှင့် တတိယနေရာလုပွဲစဉ်များကို လာမည့် ဒီဇင်ဘာ ၁၉ ရက် ရန်ကုန်မြို့၊ သိမ်ဖြူ မြက်ခင်းတု ဟော်ကီကွင်းတွင် ဆက်လက်ကစား မည်ဖြစ်သည်။ ပြိုင်ပွဲတွင် ဗိုလ်လုပွဲသို့ တက်နိုင် သော တရုတ်အသင်းနှင့် တရုတ်(တိုင်ပေ) အသင်းတို့မှာ အာရှဖလား   ဟော်ကီပြိုင်ပွဲသို့ ကစားခွင့်ရမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly