စစ်တပ် အပျက် - တော်လှန် အချက်(ဆောင်းပါး)

27 September 2021
စစ်တပ် အပျက် - တော်လှန် အချက်(ဆောင်းပါး)

အင်္ဂလိပ်ဆီက လွတ်လပ်ရေး ပြန်ရဖို့ "အင်္ဂလိပ် အခက် - ဗမာ အချက်" လို့ကြွေးကြော်ပြီး ပြည်သူတွေ လွတ်လပ်ရေးတိုက်ပွဲဝင်ခဲ့လို့ ၁၉၄၈ ခုနှစ်မှာ နိုင်ငံဟာ ကိုယ့်ထီး ကိုယ့်နန်း ကိုယ့်ကြဌာန်းနဲ့ နေနိုင်ခဲ့ပါပြီ။ ဒီကနေ့ ၂၀၂၁ ခုနှစ်မှာ တစ်မျိုးသားချင်းဖြစ်တဲ့ မင်းအောင်လှိုင်က လက်နက်နဲ့ နိုင်ငံအာဏာကို လုယူပြီး အာဏာရှင်နိုင်ငံ တည်ဆောက်ဖို့ ပြင်ဆင်နေပါပြီ။ ဒီပြင်ဆင်မှုဟာ အခုအချိ်နအ ထိ အသက်မဝင်သေး၊ အကောင်အထည် မဖော်နိုင်သေးပါဘူး။ ရှေ့လျှောက်မှာလည်း အသက်မသွင်းနိုင်၊ အကောင်အထည် ဖော်နိုင်ဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။ မင်းအောင်လှိုင် အားကိုးတဲ့ သူ့လက်အောက်ခံ တပ်တွေမှာ စိတ်ဓာတ်ရေးရာ ချွတ်ခြုံကျမှု၊ စိတ်ဖိစီးမှုလက္ခ ဏာရပ်တွေက ဆိုးသထက် ဆိုးလာနေပြီး အချင်းချင်းသတ်ဖြတ်မှု၊ ကိုယ့်ကိုယ်ကို သေကြောင်းကြံမှုတွေက တိုးတိုးလာနေပါတယ်။ မတရားတဲ့ စစ်မိန့်တွေကို ဆန့်ကျင်ပြီး လူထုဘက်ပြောင်းမှုတွေ တပ်တွင်းမှာ ဆက်တိုက်တိုးလာနေတာဟာ ဒီလက္ခဏာတွေ ဖြစ်နေ ပြီဆိုတာကို သက်သေခံနေပါတယ်။စစ်အုပ်စုဟာ နိုင်ငံရေး၊ စစ်ရေးအရ အခက်ကြုံနေသလို တပ်တွင်းမှာလည်း အပျက်အပျက်နဲ့ နှာခေါင်းသွေးထွက်ကိန်း ကြုံနေပါပြီ။ ဒါကြောင့် စစ်အုပ်စု အပျက်ဟာ တော်လှန်ရေးအတွက် အချက် ဆိုတာကို နှလုံးသွင်းပြီး တွန်းလှန်နေမယ်ဆိုရင် စစ်အာဏာယန္တရား ဟာ မဝေးတော့တဲ့အချိန်မှာ ပျက်စီးသွားမှာ ဖြစ်သလို လူထုလိုလားတဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရေးအိပ်မက်ဟာလည်း လက်တွေ့ဖြစ်လာမှာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly