ဗာတီကန်စီးတီး၊ ဒီဇင်ဘာ ၁၈ ။ ။ ဆင်းရဲသားများထဲက အဆင်းရဲဆုံးသနားဖွယ် အကောင်းဆုံးသူများအတွက် မိမိဘဝကို မြုပ်နှံခဲ့သူ နိုဘယ်ဆုရရှိခဲ့သူ အိန္ဒိယနိုင်ငံ၊ ကာလ်ကတ္တားမှ ကွယ်လွန်သူ မာသာထရီဆာသည် ၂၀၁၆ခုနှစ် စက်တင်ဘာလတွင် ရိုမင်ကက်သလစ်ဘုရားကျောင်း၏ သူတော်စင်တစ်ပါးဖြစ်လာမည်ဟု ဗာတီကန်က ဒီဇင်ဘာ၁၈တွင် ထုတ်ပြန်သည်။
ထူးဆန်းအံ့သြဘွယ် ဘုရားသခင်ကိုယ်စားပေးဆပ်မှုကို အသိအမှတ်ပြုသော ဒီကရီတစ်ခုကို ပုပ်ရဟန်းမင်းကြီး ဖရန်ဆစ်က အတည်ပြုခြင်းဖြင့် မာသာထရီဆာ သူတော်စင်ဖြစ်ရေးက ရှင်းလင်းသွားခဲ့သည်။ ဦးနှောက်ကင်ဆာအကျိတ်များစွာဖြင့် ဝေဒနာခံစားနေရသော အမျိုးသားတစ်ဦးကို ရှင်းမပြနိုင်သည့် ကုသပေးမှုကြောင့်ဟု ယုံကြည်ရသည်။
မာသာထရီဆာသည် ၁၉၉၇ခုနှစ်က အသက် ၈၇ နှစ်အရွယ်တွင် ကွယ်လွန်ခဲ့ပြီး ၎င်းအားဆင်းရဲသားနင်းပြားများ၏ သူတော်စင်ဟုလည်း သိကြသည်။ သူတော်စင်သတ်မှတ်သည့် အခမ်းအနားကို ရောမ သို့မဟုတ် အိန္ဒိယ မည်သည့်နေရာတွင် လုပ်မည်ကို မသိရသေးပေ။