ဝါဒဖြန့်ချိရေးအတွက် တရုတ်က လက်ရှိ မီဒီယာအားလုံးကို အသုံးပြုနေ

ဝါဒဖြန့်ချိရေးအတွက် တရုတ်က လက်ရှိ မီဒီယာအားလုံးကို အသုံးပြုနေ

တရုတ်အစိုးရက ၎င်း၏ အကျိုးစီးပွားအတွက် ဝါဒဖြန့်ချိရန်နှင့် ဆန့်ကျင်ဘက်အုပ်စုများကို အကြမ်းဖက် တိုက်ခိုက်ရန် လက်ရှီမီဒီယာအားလုံးကို အသုံးပြုနေကြောင်း အတိုင်ပင်ခံအုပ်စုတစ်ခုဖြစ်သည့် East Africa Gate အား ထူထောင်သူ အိုလီဗာပူချာဒီက ပြောကြားသည်။

တရုတ်နိုင်ငံဆိုင်ရာ ကျွမ်းကျင်သူပညာရှင် ပေါလ်ခါရွန်နှင့် စစ်ဘက်ဆိုင်ရာကျောင်း၏ မဟာဗျူဟာ သုတေသနဌာန (IRSEM) ၏ ညွှန်ကြားရးမှူးဖြစ်သူ ယန်ဂျီးနီးဗီလ်မာတို့၏ အစီရင်ခံစာတစ်စောင်ကို ပူဂျာဒီက ကိုးကားခဲ့သည်။ စာမျက် ၆၅၀ ပါရှိသည့် ယင်းအစီရင်ခံစာတွင် တရုတ်အစိုးရက ဝါဒဖြန့်ချိရေးအတွက် ကြီးမားသည့် လုပ်ဆောင်ချက်များကို ရှင်းလင်းဖော်ပြထားသည်။

“ပြည်သူပိုင် တစ်စိတ်တစ်ပိုင်းအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ IRSEM ရဲ့ စာမျက်နှာ ၆၅၀ ပါ အစီရင်ခံစာဟာ လွတ်လပ်တဲ့ သတင်းရင်းမြစ်တွေအပေါ် အခြေခံထားတာပါ။ တရုတ်အစိုးရက ဝါဒဖြန့်ဖို့၊ တရုတ်နဲ့ မူဝါဒကို အကောင်းမြင်ဖို့အတွက် လွန်ခဲ့တဲ့ နှစ်တွေအတွင်း ကြီးမား သွက်လက် ရန်လိုတဲ့ လုပ်ဆောင်ချက်တွေကို ဖော်ပြထားပါတယ်” ဟု ပူချာဒီက ပြောကြားသည်။

“တရုတ်ကွန်မြူနစ်ပါတီရဲ့ လမ်းစဉ်ကို ပေါ်လွင်စေဖို့ အစီရင်ခံစာပြုစုသူ ၂ယောက်က တစ်ပိုင်းစီ ဖော်ပြခဲ့ပါတယ်။ ဩစတြေးလျနဲ့ ပတ်သက်တဲ့ ရေငုပ်သင်္ဘောကိစ္စမှာ ပြင်သစ်၊ တရုတ်၊ အမေရိကန်တို့နဲ့ ပတ်သက်ပြီး မေးခွန်းများ ရှိနေချိန်မှာ ယခုစစ်တမ်း ထွက်ပေါ်လာခြင်း ဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားသည်။

“အခုဆိုရင် ကုလသမဂ္ဂမှာ တရုတ်လောက် အရေးကြီးတဲ့ နေရာတွေယူထားတာ ဘယ်နိုင်ငံမှ မရှိဘူး။ တရုတ်အစိုးရရဲ့ ဝါဒဖြန့်ချိရေးလုပ်ဖို့ တရုတ်နိုင်ငံသား ၂ သန်းကို အချိန်ပြည့်အလုပ်အတွက် လစာပေးထားတယ်လို့ ဆိုပါတယ်” ဟု ပူချာဒီက ပြောသည်။

တရုတ်သည် ထုံးတမ်းစဉ်လာ ပြည်သူ့ဆက်ဆံရေး နည်းလမ်းများမှ လျှိူ့ဝှက်နည်းလမ်းများအထိ နည်းမျိုးစုံကို အသုံးပြုကာ ၎င်း၏ လွှမ်းမိုးမှုကို ရရှိအောင် လုပ်ဆောင်နေပြီး လုပ်ငန်းဆိုင်ရာ ညွှန်ကြားချက်ပေးသည့် ဌာနလည်း ထားရှိသည်။

တရုတ်အစိုးရအနေဖြင့် ၎င်း၏ ဝါဒဖြန့်ချိရေးအတွက် တရုတ်နိုင်ငံသား သန်းနှင့်ချီ၍ ခန့်ထားကာ ပြည်သူများကို စည်းရုံးရေး၊ စိတ်ဓာတ်စစ်ဆင်ရေးနှင့် ပိတ်ဆို့အရေးယူမှု ချမှတ်သူများ ရန်လိုသည် ဟု သတ်မှတ်သည့် နိုင်ငံများကို စစ်အင်အားအသုံးပြုခြင်းစသည့် နည်းလမ်း ၃ မျိုးကို အသုံးပြုကြောင်း ပူဂျာဒီက ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly