တရုတအစိုးရ နောက်ခံ စီမံကိန်းများကို အာဖရိကနိုင်ငံများတွင် ဖျက်သိမ်း

By Just Earth News
26 September 2021
တရုတအစိုးရ နောက်ခံ စီမံကိန်းများကို အာဖရိကနိုင်ငံများတွင် ဖျက်သိမ်း

တရုတ် ကုမ္ပဏီများ၏ အလေးမထားသော လုပ်ဆောင်မှုများသည် ဒေသတွင်းနိုင်ငံအများအပြားတွင် အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ တင်းမာမှုများကို ဖြစ်စေသောကြောင့် ရင်းနှီးမြှုပ်နှံမှုများနှင့် ဆက်နွှယ်၍ စိုးရိမ်မှုများ ပေါ်ပေါက်လာသည့် အာဖရိကနိုင်ငံအချို့က တရုတ်ကုမ္ပဏီများနှင့် ချုပ်ဆိုထားသည့် စာချုပ်များကို ဖျက်သိမ်းလျက်ရှိသည်။

ဂါနာအစိုးရက ယာဉ်သွားလာမှု စောင့်ကြည့်ထိန်းသိမ်းရေးစနစ်တစ်ခုတပ်ဆင်မည့် Beijing Everyway Traffic and Lighting Tech Co Ltd နှင့် ချုပ်ဆိုထားသည့် စာချုပ်ကို ဖျက်သိမ်းပြီးနောက် ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံသမ္မတ ဖီးလစ်တာရှီဆယ်ခယ်ဒီကလည်း တရုတ်နှင့် ၂၀၀၈ ခုနှစ်က ချုပ်ဆိုခဲ့သည့် သတ္တုတူးဖော်ရေး ဆိုင်ရာ စာချုပ်များကို ပြန်လည်သုံးသပ်ရန် တောင်းဆိုထားသည်။

တရုတ်၏ ဂုတ်သွေးစုပ်သည့် နည်းလမ်းအပေါ် မနှစ်သက်သည့် ကွန်ဂိုသမ္မတက “ကွန်ဂိုပြည်သူတွေ ဆင်းရဲမြဲ ဆင်းရဲနေပေမယ့် သူတိုနဲ့ စာချုပ်ချုပ်ထားတဲ့ ဒီနိုင်ငံက ပြည်သူတွေကတော့ ချမ်းသားလာကြတယ်” ဟု ပြောကြားသည်။

ကွန်ဂိုတွင် ပွင့်လင်းမြင်သာမှု မရှိခြင်းသည်လည်း တရုတ်နှင့် ဆက်စပ်သည့် စီမံကိန်းများအပေါ် စိုးရိမ်စရာ ဖြစ်စေသည့် အကြောင်းရင်းတစ်ခုလည်း ဖြစ်နေသည်။

ယင်းကဲ့သို့ မရိုးသားသည့် လုပ်ရပ်များကြောင့် ကင်ရှာဆာ၊ ကီဆန်ဂန်နီနှင့် အခြားမြို့ကြီးများမှ ပြည်သူများက တရုတ်ကုမ္ပဏီများ၏ လမ်းနှင့် အခြားအခြေခံအဆောက်အအုံစီမံကိန်းများအပေါ် မနှစ်သက်ကြသောကြောင့် ယခင်သမ္မတဟောင်း ဂျိုးဇက်ကာဘီလာလက်ထက်က ရေးထိုးခဲ့သည့် စာချုပ်များကို ပြန်လည်သုံးသပ်ရန် တိုက်တွန်းထားသည်။

ဂါနာအစိုးရက တရုတ်ဦးဆောင်သည့် Everyway Traffic and Lighting Tech Co Ltd နှင့် စာချုပ်ကို ဖေဖော်ဝါရီလအတွင်းက ဖျက်သိမ်းခဲ့သည်။ ဒေါ်လာ သန်း ၁၀၀ တန်ဖိုးရှိ အဆိုပါ စာချုပ်ပါ စီမံကိန်းသည် နိုင်ငံတွင်း လုံခြုံရေးစနစ် တိုးတက်စေရန် ရည်ရွယ်ထားသော်လည်း အဆိုပါ ကုမ္ပဏီ၏ လုပ်ဆောင်ချက်များ သည် ကျေနပ်စရာမကောင်းသောကြောင့် ယင်းစီမံကိန်းကို ဖျက်သိမ်းလိုက်ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly