ချမ်းမြသာစည်လျှပ်စစ်ရုံး ဗုံးကွဲ လူ ၁ ဦးသေဆုံး

ချမ်းမြသာစည်လျှပ်စစ်ရုံး ဗုံးကွဲ လူ ၁ ဦးသေဆုံး

စက်တင်ဘာ ၂၆

မန္တလေး ချမ်းမြသာစည်မြို့နယ် လျှပ်စစ်မီတာရုံးတွင် ယနေ့နံနက်က ဗုံးပေါက် ကွဲမှုဖြစ်ပွားရာ အနည်းဆုံး လူတစ်ဦးသေဆုံးသွားကြောင်း ဒေသခံများကပြော သည်။

"အုန်းကနဲတစ်ချက်ကြားလိုက်ရတယ်၊ ၁၀ နာရီခွဲလောက်ဖြစ်မယ်၊ လျှပ်စစ်ရုံး ထဲဗုံးပစ်ခံရတာပါ၊ မီတာလာဆောင်တဲ့တစ်ယောက်ထိသွားတယ်၊ တနင်္ဂနွေနေ့ ကြီး မီတာဆောင်တယ်ဆိုတာက သူ့ရက်ချိန်းနဲ့သူဆောင်ရတာမို့ပါ" ဟု မီတာရုံးအနီးရပ်ကွက်နေသူတစ်ဦးက ပြောသည်။

ကနဦးသိရသည့်သတင်းအချက်အလက်အရ အဆိုပါဗုံးခွဲတိုက်ခိုက်ခံရမှုတွင်

လူနှစ်ဦးဗုံးစထိမှန်ပြီး တစ်ဦးသေဆုံးသည်ဟုဆိုသည်။

"ချာတိတ်တစ်ယောက်ကရုံးထဲဝင်သွားတာ အဲဒီမှာစစ်သားတွေ နဲ့တွေ့လို့ပြန် အလှည့်ဗုံးက ထပေါက်တာ၊ ပေါက်တော့သူကထိသွားတယ်၊ သူကသေတယ်လို့ ပြောနေကြတယ်၊ နောက်တစ်ယောက် လမ်းပေါ်ကနေဖြတ်သွားတဲ့ တစ် ယောက်ပါ၊ သူကပေါင်ကိုဗုံးစထိတယ်၊ ဆေးရုံကားနဲ့ခေါ်သွားတာတော့ တွေ့လိုက်ရတယ်" ဟု ရုံးအနီးလမ်းမပေါ်နေသူတစ်ဦးကပြောသည်။

ချမ်းမြသာစည်မြို့နယ်လျှပ်စစ်မီတာရုံးတွင် မီတာခသွားရောက် ပေးဆောင် နေသူအချို့ရှိပြီး ယခင်ကလည်းဗုံးခွဲတိုက်ခိုက်ခံရမည့် သတင်းထွက်ပေါ်ခြင်း ကြောင့် စစ်ကောင်စီလက်နက်ကိုင်များက ရုံးဝင်းအတွင်းတပ်ဆွဲထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required