နေရေးကိုသာ အာမခံ၊ အုံနဲ့ကျင်းနဲ့ လူထုရင်ခွင် ခိုလှုံလာလိမ့်မယ်

နေရေးကိုသာ အာမခံ၊ အုံနဲ့ကျင်းနဲ့ လူထုရင်ခွင် ခိုလှုံလာလိမ့်မယ်

စက်တင်ဘာလ ၂၆ ရက်

 

ပြည်သူ့ဘက် ပြောင်းပြီး CDM လုပ်သူတွေဟာ စစ်အာဏာရှင်စနစ်ကို မုန်းတီးလို့၊ မကြိုက်လို့ ထွက်လာသူတွေချည်း ဖြစ်ပါတယ်။ သို့သော် ဘက်ပြောင်းဖို့ လုပ်ဆောင်တဲ့သူတိုင်းမှာ အဓိကကျတဲ့ အကျပ်အတည်း နှစ်ခုကတော့ လုံခြုံရေးကိစ္စနဲ့ နေရေးကိစ္စလို့ ဆိုရမှာ ဖြစ်ပါတယ်။ဒီကနေ့ နွေဦးတော်လှန်ရေးကို ကြည့်ရင် ပြည်သူ့ဘက် ပြောင်းလာတဲ့ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ကြည့်လိုက်ရင် အများစုဟာ လူပျိုလူလွတ်တွေဆိုတာ တွေ့မြင်ရမှာပါ။ မိသားစုလိုက် ပြည်သူ့ဘက် ပြောင်းလာသူဆိုတာ အများကြီး မတွေ့ရသေးပါဘူး။ ဒါဟာ ဘာကြောင့်လဲဆိုရင် ဘက်ပြောင်းလိုသူတွေဘက်၊ အထူးသဖြင့် မိသားစုလိုက် ပြောင်းမှ ဖြစ်မယ့်သူတွေဘက်မှာ လုံခြုံရေးပြဿနာအပြင် နေရေးဟာ ပြဿနာအဖြစ် ရှိနေတာကြောင့် ဖြစ်ပါတယ်။ ဘက်ပြောင်းလာဖို့ လှုံ့ဆော်သူတွေဘက်မှာလည်း ပြည်သူ့ဘက် ပြောင်းလိုသူတွေကို လုံခြုံအောင်၊ အဆင်ပြေအောင်အတွက် ငွေကြေးနဲ့ လုံခြုံတဲ့နေရာတွေကို စီမံပေးတာမျိုးတွ ရှိနေပေမယ့် ဒီလိုလုပ်ဆောင်ပေးမှုဟာ ဘယ်လောက်အတိုင်းအတာအထိ ရှိမလဲဆိုတာ ဘက်ပြောင်းလိုသူတိုင်းက စဉ်းစားနေကြ၊ တွက်ချက်နေကြမှာ ဖြစ်ပါတယ်။ မိသားစုရှိတဲ့သူတွေဆိုရင် ဒီကိစ္စကို ပိုလို့တောင် စဉ်းစားတွက်ချက်ကြမှာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly