ပဲခူးတိုင်းတွင်း ဧည့်စာရင်းစစ်ရာ၌ နေအိမ်တွင်ရှိမနေသူများနှင့်ပတ်သက်၍ စစ်ဆေး

ပဲခူးတိုင်းတွင်း ဧည့်စာရင်းစစ်ရာ၌ နေအိမ်တွင်ရှိမနေသူများနှင့်ပတ်သက်၍ စစ်ဆေး

စက်တင်ဘာ ၂၅

ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့တွင် စစ်ကောင်စီလက်အောက်ခံ ရပ်ကျေးအုပ်ချုပ်ရေးမှူးများက ဧည့်စာရင်းစစ်ဆေးရာ၌ အိမ်ထောင်စုစာရင်း တွင်ပါရှိပြီး နေအိမ်တွင်ရှိမနေသူများနှင့်ပတ်သက်၍ စစ်ဆေးမှုများပြုလုပ် နေကြောင်း ဒေသခံများက ပြောသည်။

“ဒီလထဲမှာပဲ ကျွန်မအိမ်ကို လာစစ်တယ်။ ကျွန်မသားက အိမ်မှာမရှိဘူး ။ ခရီးထွက်နေတာ အဲဒါကို ဘယ်အချိန်ကသွားတာလဲ ။ ဘယ်နေရာလဲ ။ ဘာ အလုပ်လုပ်တာလဲ။ ဘယ်တော့ပြန်လာမှာလဲ ဆိုပြီး မျိုးစုံမေးနေတာ ကျွန်မ သားက ရန်ကုန်မှာ အလုပ်လုပ်နေတာ အဲဒါကို တော်တော်လေး ပြောလိုက် ရတယ်။ အဲလိုမေးနေတာက စိတ်အနှောက်အယှက်ဖြစ်တယ်”ဟု ပဲခူးမြို့မှ ဒေသခံတစ်ဦးကပြောသည်။

နေအိမ်တွင်မရှိသူကို မည်သည့်နေရာတွင် လက်ရှိနေထိုင်ကြောင်း မပြောပြ နိုင်ပါက အော်ဟစ်ဆဲဆိုခြင်း၊ အတင်းအကျပ်မေးမြန်းခြင်းများ ပြုလုပ်နေ ကြောင်းသိရသည်။

“ကျွန်မယောင်္ကျားနဲ့က ကွဲနေတာသုံးလလောက်ရှိနေပြီ။ သူအိမ်ပေါ်က ဆင်း သွားတာလည်း ကြာပြီ ။ အဲဒါကို ဘယ်မှာနေလဲဆိုတော့ ကျွန်မက ဘယ်လို လုပ်သိမှာလဲ။ အဲဒါကို မသိရကောင်းလားဆိုပြီး ဆဲဆိုကြိမ်းမောင်းပြီး မေး တယ်။ ရုံးကိုလည်း အတင်းခေါ်ပြီး ရှင်းခိုင်းတယ်”ဟု ပြည်မြို့နေသူတစ်ဦးက ပြောသည်။

အဓိကအားဖြင့် အိမ်ထောင်စုစာရင်းထဲတွင်လူငယ်များရှိနေပြီး လက်ရှိနေအိမ် တွင် ရှိမနေပါက စာရင်းများမှတ်ထားပြီး မကြာခဏလာရောက်မေးမြန်းခြင်း၊ နေအိမ်အား စောင့်ကြည့်နေခြင်းများရှိနေသည်။

ပဲခူး၊တောင်ငူ၊ ဝေါ၊ ပဲနွယ်ကုန်း၊ လက်ပံတန်း၊ ပေါင်းတည်၊ ပြည်၊ ရွှေတောင်မြို့ တို့တွင်လည်း အလားတူလုပ်ဆောင်နေကြောင်း စုံစမ်းသိရှိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly