လာမည့်ရွေးကောက်ပွဲတွင် ပြည်သူများ ပိုမိုပါဝင်ခွင့်ရှိရန် အစိုးရနှင့် လက်နက်ကိုင်အဖွဲ့အစည်းများဖော်ဆောင်သင့်

လာမည့်ရွေးကောက်ပွဲတွင် ပြည်သူများ ပိုမိုပါဝင်ခွင့်ရှိရန် အစိုးရနှင့် လက်နက်ကိုင်အဖွဲ့အစည်းများဖော်ဆောင်သင့်

ရန်ကုန်၊ဒီဇင်ဘာ၁၈ ။           ။ အစိုးရနှင့် လက်နက်ကိုင်အဖွဲ့များအနေဖြင့် လာမည့်ရွေးကောက်ပွဲများတွင် ပြည်သူများ ပိုမိုပါဝင်ခွင့်ရရှိစေရန် ငြိမ်းချမ်းရေးကို အမြန်ဆုံးဖော်ဆောင်သင့်ကြောင်း ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအား တစ်နိုင်ငံလုံးအတိုင်း အတာဖြင့် စောင့်ကြည့်လေ့လာခဲ့သည့် အမျိုးသားလူငယ်ကွန်ဂရက်ကစီမံ ကိန်း ဒါရိုက်တာ ကိုမိုးဃ်သွေး အကြံပြုပြော ကြားလိုက်သည်။

" စစ်ပွဲတွေ ဖြစ်နေရင် ရွေးကောက်ပွဲလည်း ကျင်းပလို့မရဘူး။ ရွေးကောက်ပွဲရလဒ်တွေလည်း သမာသ မတ် ကျမှ မဟုတ်ဘူး။ ပြည်သူလူထုလည်း ကောင်းကောင်းမွန်မွန်မနေနိုင်ဘူး။ အဲဒါဆိုရင် တစ်နိုင်ငံလုံးရဲ့ ဒီမိုက ရေစီဖွံ့ဖြိုးမှုလည်း နှေးကွေးစေမယ်။နောက်တစ်ခုက တခြားဒေသတွေဖွံ့ဖြိုးသွားရင်တောင် အဲဒီဒေသတွေက မလုံခြုံတဲ့ မငြိမ်းချမ်းတဲ့ ဘဝတွေနဲ့ ကျန်ခဲ့လိမ့်မယ်။ အဲလိုမျိုးမဖြစ်စေချင်ဘူး။ ဒါကြောင့် တစ်နိုင်ငံလုံး တစ်တွဲ တည်းပါသွားဖို့ တိုက်တွန်းတာ ဖြစ်တယ်"ဟု မဇ္ဈိမကို ပြောသည်။

၂၀၁၅ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် တိုင်းရင်းသားဒေသအချို့၌ တပ်မတော်နှင့် တိုင်းရင်းသား လက် နက်ကိုင် အဖွဲ့အချို့တို့အကြား တိုက်ပွဲများ ပြင်ထန်ခဲ့သည့်အတွက် မဲဆန္ဒနယ် (၇)ခုနှင့် မြို့နယ်ပေါင်း (၂၈) မြို့နယ် ရှိ ကျေးရွာအချို့တွင် ရွေးကောက်ပွဲ ကျင်းပနိုင်ခဲ့ခြင်းမရှိကြောင်း သိရသည်။

ယင်းဒေသများရှိ ပြည်သူများ အရေးကိစ္စများအား လွှတ် တော်တွင် ကိုယ်စားပြုပေးမည့် ကိုယ်စားလှယ်ရွေးခြယ်ခွင့် ဆုံးရှုံးခဲ့ရသည့်အတွက် တိုင်းပြည်၏ ဒီမိုကရေစီ အရည်အသွေးကို ထိခိုက်စေနိုင်သည့်အပြင် ဒေသဆိုင်ရာ ကိုယ်စားပြုမှုနှင့် အုပ်ချုပ်မှုကိုလည်း လစ်ဟင်းစေ ကြောင်း အမျိုးသားလူငယ်ကွန်ဂရက်၏ ရွေးကောက်ပွဲဆိုင်ရာအစီရင်ခံစာတွင် ထည့်သွင်းဖော်ပြထားသည်။

" ဒီမိုကရေစီစနစ်ဆိုတာ ကိုယ်စားပြုမှု လိုတာပေါ့ဗျာ။ အခုရွေးကောက်ပွဲမလုပ်နိုင်ရင် သူတို့ကို ကိုယ်စားပြု မယ့် ကိုယ်စားလှယ်မရှိဘူးပေါ့ဗျာ။ မရှိရင် အမြန်ဆုံးရွေးကောက်ပွဲကျင်းပနိုင်အောင် ကျိုးစားပေးရမှာက အစိုး ရနဲ့ ရွေးကောက်ပွဲကော်မရှင်ရဲ့တာဝန်ပေါ့ဗျာ။ တကယ်လို့ ဖြစ်နိုင်ရဲ့သားနဲ့ ဖြစ်အောင်မလုပ်ဘူးဆိုရင် တာဝန် မကျေဘူးပေါ့ဗျာ" ဟု ၂၀၁၅ ရွေးကောက်ပွဲအား   စောင့်ကြည့်လေ့လာမှု များပြု လုပ်ခဲ့သည့် လွတ်လပ်သော စေတနာ့ဝန်ထမ်းများအဖွဲ့အတွင်းရေးမှူး ဦးမင်းခင်က ပြောသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် လုံခြုံရေး  အခြေအနေအရ ရွေးကောက်ပွဲမကျင်းပနိုင်ခဲ့သော မဲဆန္ဒနယ်များတွင် လုံခြုံရေး အခြေအနေပြန်လည်ကောင်း မွန်လာသည်နှင့် တပြိုင်နက် ရွေးကောက်ပွဲများပြန်လည်ကျင်းပနိုင်ရန်ဆောင်ရွက်သင့်ကြောင်း အစီရင်ခံစာ တွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly