မန္တလေးပျူစောထီးဟုကျော်ဇောသူ ၃ ဦး အသတ်ခံရ

မန္တလေးပျူစောထီးဟုကျော်ဇောသူ ၃ ဦး အသတ်ခံရ

စက်တင်ဘာ ၂၅

မန္တလေးမြို့တွင် ယနေ့တစ်ရက်တည်းအတွင်း ပျူစောထီးဟုဆိုသည့် အမျိုး သားသုံးဦး အသတ်ခံလိုက်ရသည်။

အောင်မြေသာစံမြို့နယ်၁၅ လမ်းနှင့် ၈၉ လမ်းဘက်ရှိ အမျိုးသားတစ်ဦး ယနေ့ နေ့လည်ပိုင်းက သေနတ်ပစ်ခံရပြီးသေဆုံးသွားသည်။ ၎င်းသည် အိမ်နီးနား ချင်းများကို ခြိမ်းခြောက်မှုမကြာခဏလုပ်လေ့ရှိသည်ဟု ဆိုသည်။

ပုသိမ်ကြီးမြို့နယ် မန္တလေးနည်းပညာတက္ကသိုလ်ဘက်အနီးတွင်လည်း ယနေ့ နေ့လည်ပိုင်းက ပျူစောထီးအဖွဲ့ဝင်အဖြစ် နာမည်ထွက်သည့်ဦးမြင့်အောင်ဆိုသူ ဦးခေါင်းကိုသေနတ်နှင့်အပစ်ခံရပြီးသေဆုံးသွားကြောင်းသိရသည်။

ထို့အပြင် မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ၄၉ လမ်းနှင့် ၁၁၁ လမ်းမှ ခေါင် ရည်ဆိုင်ရှင် ဦးသက်နိုင်ဆိုသူလည်း သေနတ်ဒဏ်ရာဖြင့် သေဆုံးသွားသည်။

ယနေ့ မနက်ပိုင်းကလည်း မန္တလေးမြို့အထွက် မန္တလေးတောင်ခြေ ရွှေကျင် တိုးဂိတ်ဘက်တွင် စစ်ကောင်စီ စစ်ဆေးရေးဂိတ်တစ်ခု ဗုံးဖောက်ခွဲ တိုက်ခိုက်ခံ ရသေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly