လှည်းကူးသား ၃ ဦး အဖမ်းခံရ

လှည်းကူးသား ၃ ဦး အဖမ်းခံရ

စက်တင်ဘာလ ၂၅ ရက်

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်အတွင်း ယမန်နေ့က ပြည်သူသုံးဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားသည်။

အဖမ်းခံရသူများမှာ လှည်းကူးမြို့၊ မြို့မရပ်ကွက်၊အောင်သုခ (၅)လမ်းမှ အသက် ၄၀ ဝန်းကျင်အရွယ် ဦးရဲမင်းလတ်၊ ဖောင်ကြီးကျေးရွာမှ ဦးရဲထူးမြင့်၊ နှင့် ဒရယ်ဘိုကျေးရွာမှ အသက် ၄၀ကျော် အရွယ် ဦးဘသီ တို့ဖြစ်သည်။ 

နံနက်ပိုင်းတွင် ဦးရဲထူးမြင့်အိမ်လာရောက်သည့် စစ်ကောင်စီအဖွဲ့ဝင် တစ်ဒါဇင်ခန့်ကဖုန်းကိုစစ်ဆေးပြီး ဖမ်းဆီးသွားသည်။ ညနေ ၄နာရီခန့်က ဦးရဲမင်းလတ်နေအိမ်သို့ အရပ်ဝတ်များနှင့် စစ်ကောင်စီတပ်များလာခေါ်သွားသည်။ လယ်ယာလုပ်ကိုင်သူ ဦးဘသီကို ည ၁၁နာရီခွဲခန့်တွင် လာဖမ်းသွားသည်။ 

ဦးရဲမင်းလတ် ယနေ့ ပြန်လည်လွတ်မြောက်လာကြောင်း မိသားစုနှင့်နီးစပ်သူတစ်ဦးကပြောသည်။

ဖမ်းဆီးခံရသူများနှင့်ပတ်သက်ပြီး သက်ဆိုင်ရာမိသားစုများအနေဖြင့် လက်ရှိအချိန်အထိ သတင်းတစ်စုံတစ်ရာ ကြားသိရခြင်း မရှိသေးကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly