တရုတ်က ဘက်တီးရီးယား ဗုံးများအသုံးပြုမည်ကို ထိုင်ဝမ် စိုးရိမ်နေ

တရုတ်က ဘက်တီးရီးယား ဗုံးများအသုံးပြုမည်ကို ထိုင်ဝမ် စိုးရိမ်နေ

တရုတ်က ကိုရိုနာဗိုင်းရပ်စ်အပါအဝင် အသက်သေစေနိုင်သည့် ဘက်တီးရီးယားများကို လက်နက်အဖြစ် အသုံးပြုနေသောကြောင့် ထိုင်ဝမ်က ဇီဝလက်နက် ကာကွယ်ရေး လေ့ကျင့်မှုကို စတင်ပြုလုပ်ခဲ့သည်။

ရောဂါပိုး ထိတွေ့ထားနိုင်ခြေရှိသော ယာဉ်များကို ဆေးကြောခြင်းအပါအဝင် သန့်စင်ရေး လုပ်ငန်းစဉ် အများအပြားပါဝင်သည့် လေ့ကျင်မှုပါဝင်သော ၃၇ ကြိမ်မြောက် Han Kuang စစ်ရေးလေ့ကျင့်မှုအတွင်း ဇီဝလက်နက်ကာကွယ်ရေး လေ့ကျင့်ခန်းကို အထူးဖန်တီးမှုများဖြင့် လုပ်ဆောင်ခဲ့ကြောင်း The Express သတင်းဌာနက ဖော်ပြသည်။

နှစ်စဉ် စစ်ရေးလေ့ကျင့်မှုတွင် ယခုအစီအစဉ်ကို ထိုင်ဝမ်ဒေသအနှံ့အပြားနှင့် ထိုင်ဝမ်ရေလက်ကြားတို့၌ လုပ်ဆောင်ခဲ့ကြောင်း Newsweek မဂ္ဂဇင်းတွင် ရေးသားထားခြင်းကို The Express က ဖော်ပြခဲ့သည်။

ဇီဝလက်နက်ဖြင့် ပစ်ခတ်ခံရသည့် လေ့ကျင့်ခန်းတွင် ပိုးမွားများ သန့်စင်ဖယ်ရှားခြင်းအား ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီးဌာန တပ်ဖွဲ့ဝင်များကို လေ့ကျင့်ပေးခဲ့သည်။

တရုတ်နိုင်ငံမှ ဝူဟန်မြို့အခြေစိုက် ဓာတ်ခွဲခန်းသည် သာမန်ထက် အဆ ၁ သောင်း ပိုမိုပြင်းထန်သော ကိုရိုနာဗိုင်းရပ်စ်ကို ဖန်တီးခဲ့ကြောင်း မီဒီယာသတင်းများတွင် စက်တင်ဘာ ၁၈ ရက်က ဖော်ပြခဲ့သည်။

ပညာရှင်တစ်ဦးအား ကြွက်တစ်ကောင်က ကိုက်မိရာမှ ဗိုင်းရပ်စ်ပိုး ပြင်ပသို့ ထွက်လာခြင်း ဖြစ်နိုင်သည်ဟု စိုးရိမ်မှုများလည်း ဖြစ်ပေါ်ခဲ့သည်။

အမေရိကန်အစိုးရဌာနတစ်ခုက ငွေကြေးထောက်ပံ့ပေးထားသည့် တရုတ်သုတေသနအဖွဲ့တစ်ဖွဲ့၏ လုပ်ဆောင်ချက်ကြောင့် ဗိုင်းရပ်စ် ပျံ့နှံ့ခဲ့ကြောင်း မှတ်တမ်းများ ထွက်ပေါ်လာခဲ့သည်ဟု The Sun သတင်းဌာနက ရေးသားထားသည်။

အိမ်ဖြူတော် အကြံပေး ဒေါက်တာ ဖော်စီအန်တိုနီ၏ အမျိုးသားကျန်းမာရေးသိပ္ပံ (NIH) နှင့် လက်မှတ်ရေးထိုးထားသည့် အမေရိကန်မှ အကျိုးအမြတ်မယူသောအဖွဲ့အစည်း EcoHealth Alliance က ၂၀၁၇ ခုနှစ်နှင့် ၂၀၁၈ ခုနှစ်အကြား ထောက်ပံ့ငွေ လျှောက်ထားသည် စာရွက်စာတမ်းများကို US Right to Know (အမေရိကန်သိပိုင်ခွင့်) အဖွဲ့က ထုတ်ပြန်ခဲ့သည်။

သုတေသနလုပ်ငန်းကို တရုတ်နိုင်ငံရှိ ဝူဟန်ဗိုင်းရပ်စ်ဗေသိပ္ပံတွင် လုပ်ဆောင်ခဲ့ပြီး ယင်းဓာတ်ခွဲခန်းမှ ၁၁၁၈ မိုင်ဝေးသည့် မိုကျန်းဒေသ ကြေးနီးသတ္တုတွင်းတစ်ခုတွင် ဖမ်းမိခဲ့သော လင်းနို့များ၌ တွေ့ရှိခဲ့သည့် ကိုရိုနာဗိုင်းရပ်စ်ပိုးကို လေ့လာခဲ့သည်။

သုတေသနပြုလုပ်လေ့လာရာတွင် ဓာတ်ခွဲခန်းမှ ပိုးမွားတစ်ကောင် စိမ့်ထွက်စေခဲ့သည့် အန္တရာယ်ကြီးသော စမ်းသပ်မှုများ ပါဝင်ကြောင်း မှတ်တမ်းများတွင် ဖော်ပြထားသည်ဟု Rutgers တက္ကသိုလ်မှ ဇီဝအန္တရာယ်ကင်းရေး ပညာရှင် ရစ်ချက်အီးဘရိုက်က The Sun Online သို့ ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly