ဖူကျန်ပြည်နယ်တွင် ကိုဗစ်-၁၉ ကူးစက်မြန် Delta မျိုးကွဲ ကူးစက်မှုကြောင့် ကျောင်းများနှင့် အခမ်းအနားများကို ပိတ်ထား

ဖူကျန်ပြည်နယ်တွင် ကိုဗစ်-၁၉ ကူးစက်မြန် Delta မျိုးကွဲ ကူးစက်မှုကြောင့် ကျောင်းများနှင့် အခမ်းအနားများကို ပိတ်ထား

တရုတ်နိုင်ငံအရှေ့တောင်ပိုင်း ဖူကျန်ပြည်နယ်တွင် ကူးစက်မှုနှုန်း မြန်ဆန်သည့် Delta မျိုးကွဲ ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့နေခြင်းကြောင့် ဆေးစစ်ခြင်းများကို ပြုလုပ်လျက်ရှိသလို ကျောင်းများကိုလည်း ပိတ်ထားရသည်။

အနီးရှိ ဂွမ်ဒေါင်းပြည်နယ်နှင့် ကျူဟေး၊ ဆန်ကျန်း၊ ဂွမ်ကျိုးပြည်နယ်တို့ရှိ လေဆိပ်များတွင်လည်း ဖူကျန်ပြည်နယ်မှလာသည့် ခရီးသည်များအနေဖြင့် ရောဂါမရှိကြောင်း လွန်ခဲ့သည့် ၄၈ နာရီအတွင်းက ထောက်ခံစာပါရှိသည်ဖြစ်စေ၊ မပါရှိသည်ဖြစ်စေ ကိုဗစ်ရောဂါ ဆေးစစ်ခြင်း ခံယူရကြေင်း လေဆိပ်များ၏ ထုတ်ပြန်ချက်ကို ဟောင်ကောင်အခြေစိုက် South China Morning Post သတင်းစာတွင် ဖော်ပြထားသည်။

ကပ်ရောဂါပေါ်ပေါက်ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် လာမည့်လတွင်ကျင်းရန် စီစဉ်ထားသော ကန်တုံပြပွဲဟု ခေါ်သည့် တရုတ် သွင်းကုန်၊ ထုတ်ကုန်ပြပွဲကို ရက် ၂၀ မှ ၅ ရက်သို့ လျှော့ချကျင်းပသွားမည်ဖြစ်သည်။

တရုတ်ပြည်မကြီးတွင် စက်တင်ဘာ ၁၈ ရက်က ကိုဗစ်-၁၉ ရောဂါ ပြည်တွင်း ကူးစက်ခံမှု ၄၃ ဦး ရှိခဲ့ရာတွင် အားလုံးသည် ဖူကျန်ပြည်နယ်မှဖြစ်ကြောင်း အမျိုးသားကျန်းမာရေးကော်မရှင်၏ ထုတ်ပြန်ချက်တွင် စက်တင်ဘာ ၁၉ ရက်က ဖော်ပြခဲ့သည်။

ပြည်ပမှ ကူးစက်ခံလာရသူ ၂၃ ဦးတွင် ယူနန်ပြည်နယ်၌ ၉ ဦး၊ ဟူဘေး၊ ဂွမ်ရှီးနှင့် စီချွမ်းပြည်နယ်များ၌ ၃ ဦးစီ၊ ရျန်ဟိုင်းနှင့် ဂွမ်ဒေါင်းပြည်နယ်တို့၌ ၂ ဦးစီနှင့် တီယန်ကျင်းတွင် ၁ ဦးရှိခဲ့သည်။ ကော်မရှင်၏ စက်တင်ဘာ ၁၈ ရက် ထုတ်ပြန်သည့် သတင်းတွင် ကူးစက်ခံရသူနှင့် သေဆုံးသူစာရင်းကို ဖော်ပြမထာပေ။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required