တာလီဘန် ခေါင်းဆောင်များ ခရီးသွားကင်းလွတ်ခွင့် ရက်ပေါင်း ၁၈၀ ပေးရန် တရုတ်၏ အဆိုပြုချက် ကို အိန္ဒိယဦးဆောင်သည့် လုံခြုံရေးကောင်စီကော်မတီက ပယ်ချ

By Economic Times
25 September 2021
တာလီဘန် ခေါင်းဆောင်များ ခရီးသွားကင်းလွတ်ခွင့် ရက်ပေါင်း ၁၈၀ ပေးရန် တရုတ်၏ အဆိုပြုချက် ကို အိန္ဒိယဦးဆောင်သည့် လုံခြုံရေးကောင်စီကော်မတီက ပယ်ချ

ရုရှားနှင့် လုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၅ နိုင်ငံမှ တစ်နိုင်ငံမှ မထောက်ခံသော်လည်း တာလီဘန် ခေါင်းဆောင် များ၏ ခရီးသွား ကင်းလွတ်ခွင့် ရက်ပေါင်း ၉၀ အစား ရက်ပေါင်း ၁၈၀ သက်တမ်း တိုးပေးရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် တရုတ်က အဆိုပြုခဲ့သည်။

အိန္ဒိယဦးဆောင်သည့် လုံခြုံရေးကောင်စီ ကော်မတီ (UNSC) သို့ ရက်ပေါင်း ၁၈၀ သက်တမ်းတိုးရေးကို တရုတ်က အဆိုပြုခဲ့ပြီး ယင်းအား လက်ခံရန် အခိုင်အမာ ပြောကြားခဲ့သော်လည်း အခြားအဖွဲ့ဝင်များက အာဖဂန်နစ္စတန်၏ အခြေအနေကို သတိကြီးစွာစောင့်ကြည့်ရန်လိုအပ်နေသည်ဟု Economic Times က လေ့လာသိရှိခဲ့ရသည်။

တာလီဘန်များအနေဖြင့် ၎င်းတို့ကို တရားဝင်အသိအမှတ်ပြုခံရရေးအတွက် သံတမန်ရေးအဆင့်တွင် ကမ္ဘာ့အဆင့်အမြင့်ဆုံးဖြစ်သည့် နယူးယောက်မြို့ ကုလသမဂ္ဂအခြေခံအစည်းအဝေးသို့ အဆင့်မြင့်အရာရှိတစ်ဦး စေလွှတ်ခွင့်ပြုရန် တောင်းဆို သဖြင့် ခြွင်းချက်အနေဖြင့် ခွင့်ပြုရန် တရုတ်က တွန်းအားပေးနေခြင်းဖြစ်သည်။

တာလီဘန်များက လုံခြုံရေးကောင်စီ၏ အမြဲတမ်းကိုယ်စားလှယ်ဖြစ်သော မိုဟာမက်ဆာဟန်ကို လိပ်မူထားသည့် စာတစ်စောင်ကို စက်တင်ဘာ ၂၀ရက်က ပေးပို့ကာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ထံသို့ တောင်းဆိုလိုက်သည် ဟု ပြောရေးဆိုခွင့်ရှိသူ ဖာဟန်ဟက်က ပြောကြားခဲ့သည်။ တာလီဘန်တို့၏ တောင်းဆိုချက်ကို ကုလသမဂ္ဂ ဂုဏ်သိက္ခာရှိသော ကော်မတီမှ အတည်ပြုချက်ရယူရမည်ဖြစ်သည်။

တာလီဘန်များအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုအား ရုပ်သိမ်းခြင်းသည် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ အစီအစဉ်တွင် မပါဝင်ကြောင်း ရုရှား၏ ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် နီဘန်ဇီရာက ပြောကြားခဲ့သည်။

တစ်ခုခု မလုပ်ဆောင်မီ သေချာစွာစဉ်းစားရမည်ဖြစ်ခြင်းကြောင့် ပြဿနာကို အလျင်စလိုမဆုံးဖြတ်သင့်ကြောင်း သူက ကုလသမဂ္ဂအထွေထွေညီလာခံ သီးသန့်အစည်းအဝေးများတွင် ပြောကြားခဲ့သည်။

တာလီဘန်ခေါင်းဆောင်များ၏ ခရီးသွားကင်းလွတ်ခွင့်သည် စက်တင်ဘာ ၂၀ တွင် သက်တမ်းကုန်ဆုံး မည်ဖြစ် သဖြင့် ဒီဇင်ဘာ ၂၂ အထိ သက်တမ်းတိုးပေးရန် တောင်းဆိုမှုများရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly