တရုတ်အစိုးရက စကော့တလန်ရှိ ကွန်ဖြူးရှပ်အဖွဲ့အစည်းများမှတစ်ဆင့် ဗြိတိန်တွင် သြဇာလွှမ်းမိုးရန် ကြိုးပမ်းနေ

တရုတ်အစိုးရက စကော့တလန်ရှိ ကွန်ဖြူးရှပ်အဖွဲ့အစည်းများမှတစ်ဆင့် ဗြိတိန်တွင် သြဇာလွှမ်းမိုးရန် ကြိုးပမ်းနေ

တရုတ်အစိုးရက စကော့တလန်ရှိ ကွန်ဖြူးရှပ်အဖွဲ့အစည်းများအား အသုံးပြုပြီး ဗြိတိန်တွင် သြဇာလွှမ်းမိုးရန် ကြိုးပမ်းမှုကို ကွန်ဆာဗေးတစ်အမတ် အလီစီရာကင်နှင့် စကော့တလန် ပညာရေးကောလိပ်၏ လက်ထောက်အတွင်းရေးမှူး အန်ဒရာဘတ်တလေတို့က ထုတ်ဖော်ပြောဆိုလိုက်သည်။

တရုတ်အစိုးရနှင့် ပညာရေး၊ စီးပွားရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ဆက်ဆံရေးများမြှင့်တင်ရန် ကွန်ဖြူးရှပ် စင်တာများကို ကမ္ဘာတစ်ဝန်းတွင် တရုတ်အစိုးရက တည်ထောင်ခဲ့သည်။

သို့သော် လူ့အခွင့်အရေးဆိုင်ရာ စွပ်စွဲချက်များနှင့်အတူ ကွန်ဖြူးရှပ်စင်တာများသည် တရုတ်သမ္မတ ရှီကျင့်ဖျင် အစိုးရ၏ ပါဝါအပျော့အသုံးပြုသည့်ဌာနအဖြစ်လုပ်ဆောင်နေခြင်းကြောင့် စိုးရိမ်မှုများမြင့်တက်လာသည်။

စကော့တလန်တွင် လက်ရှိတွင် ကွန်ဖြူးရှပ်စင်တာပေါင်း ၄၃ ခုရှိပြီး အလယ်တန်းအတွက် ၂၁ ခု၊ မူလတန်းအတွက် ၁၉ ခုနှင့် ကျွမ်းကျင်သူများအတွက် ၃ ခုကို ထူထောင်ထားသည်။

စကော့တလန်တွင်သာ ကျောင်းများစုစည်းနေသကဲ့သို့ ကွန်ဖြူရှပ်အဖွဲ့အစည်းများ၏ အချက်အခြာဖြစ်နေမှုနှင့် အရေအတွက်ကို စိုးရိမ်ကြောင်း ကွန်ဆာဗေးတစ်အမတ် အလီစီရာက ထုတ်ဖော်ပြောကြားခဲ့သည်။

"ဥရောပမှာ ဘယ်နိုင်ငံမှ စကော့တလန်ထက် ကွန်ဖြူရှပ်အဖွဲ့အစည်းတွေ ပိုမများပါ ဘူး။ ဒီစင်တာတွေ ဖြန့်ကျက်ထားတာကို ကြည့်ရင် လုံးဝစိတ်ဝင်စားစရာကောင်းပါတယ် " ဟု တိုရီအမတ်က Express.co.uk ကို ပြောကြားခဲ့သည်။

“ ကျွန်မသာ တရုတ်အစိုးရဆိုရင်တော့ ဗြိတိန်ကို သူလျှိုလုပ်ချင်ရင် စပိုင်တွေကို ကွန်ဖြူးရှပ်စင်တာတွေရဲ့ ကိုယ်စားလှယ်တွေအဖြစ် ခန့်အပ်လိုက်ပါမယ်။”

ကွန်ဖြူးရှပ်စင်တာများနှင့် ပတ်သက်၍ အမျိုးသားလုံခြုံရေးပြဿနာများသာမက စကော့တလန်ရှိ ပညာရေးသမဂ္ဂများက လူ့အခွင့်အရေးပြဿနာများကိုပါ ပြောဆိုလာကြသည်။

စကော့တလန်၏ အကြီးဆုံးဖြစ်သော စကော့တလန်ပညာရေးအင်စတီကျူ့ (EIS) သည် ကျောင်းများတွင် မန်ဒရင် တရုတ်ဘာသာစကားသင်ကြားရန် တရုတ်အစိုးရက ရန်ပုံငွေထောက်ပံ့နေခြင်းကိစ္စအား စုံစမ်းစစ်ဆေးရန် တောင်းဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly