တရုတ်အိမ်ခြံမြေကုမ္ပဏီကြီး၏ အကြွေးပြဿနာများက နိုင်ငံစီးပွားရေးအတွက် သတိပေးချက်ဖြစ်လာ

တရုတ်အိမ်ခြံမြေကုမ္ပဏီကြီး၏ အကြွေးပြဿနာများက နိုင်ငံစီးပွားရေးအတွက် သတိပေးချက်ဖြစ်လာ

တရုတ်၏ ထိပ်တန်းအိမ်ခြံမြေကုမ္ပဏီကြီး Evergrande Group ၏ ကြွေးမြီကပ်ဆိုးက တရုတ်စီးပွားရေး အတွက် သတိပေးချက်ဖြစ်လာသည်။

တစ်နိုင်ငံလုံးတွင် ခန့်မှန်းခြေအားဖြင့် အခန်းပေါင်း ၁ ဒသမ ၄ သန်းခန့် ဝယ်ယူထားသူများသည် ၎င်းတို့ ငွေပေးချေခဲ့သောအိမ်ခန်းများကို အမှန်တကယ် တည်ဆောက်မည်လားဆိုသည်ကို မသေချာဖြစ်နေသည်ဟု အမ်မလီ ဖန်က NPR တွင် ရေးသားခဲ့သည်။

သီတင်းပတ်ပေါင်းများစွာ ဒေါသထွက်စိတ်ပူနေသော ရင်းနှီးမြှုပ်နှံသူ ဒါဇင်ပေါင်းများစွာသည် တောင်ပိုင်း ရှန်ကျန်းမြို့ရှိ Evergrande ရုံးချုပ်တွင် စုဝေးခဲ့ကြသည်။

ဟောင်ကောင်စတော့ဈေးကွက်တွင် စာရင်းဝင်ထားသည့် ရှယ်ယာဈေးနှုန်းများသည် ၂၀၂၁ခုနှစ်တွင် ၉၀ ရာခိုင်နှုန်း နီးပါး ကျဆင်းသွားသောကြောင့် ယခုအခါ တန်ဖိုးမရှိသလောက် နီးပါးဖြစ်သွားသည့် Evergrande ၏ ရင်းနှီးမြှုပ်နှံမှု ထုတ်ကုန်များကို ဝယ်ယူထားသလို ဖြစ်သွားသည်။

Evergrande အနေဖြင့် စက်တင်ဘာလကုန်တွင် ဒေါ်လာသန်း ၁၂၀ ခန့်ရှိသော ငွေချေးစာချုပ်များ၏ အတိုးကို ပေးရမည်အချိန်တွင် ပေးရန်ပျက်ကွက်တော့မည်ဖြစ်သည်။

၂၀၂၀ပြည့်နှစ်က ရောင်းအားပမာဏ ဒုတိယအများဆုံးဖြစ်ခဲ့သော အဆိုပါ ကုမ္ပဏီသည် ပြန်မဆပ် နိုင်သောအကြွေးများနှင့် ရင်ဆိုင်ရသည်။ ဘဏ်များမှ ချေးယူထားသည့် ဒေါ်လာ ၃၆၈ ဘီလီယံ ချေးငွေအပြင် ကန်ထရိုက်တာများနှင့် ပစ္စည်းပေးသွင်းသူများကိုလည်း ပေးရန်တာဝန်ရှိနေကြောင်း အမ်မလီ ဖန်က ပြောကြားခဲ့သည်။

“ ဘဏ်အကျပ်အတည်းနဲ့ အကြွေးအကျပ်အတည်းကို ဖြစ်စေနိုင်တဲ့ အခြားလုပ်ငန်းရှင်တွေကိုပါ ဂယက် ရိုက်မယ့် အန္တရာယ်ရှိနေပါတယ်” ဟု Loomis Sayles ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းမှ တရုတ်စီးပွားရေး ပညာရှင်အကြီးအကဲ ဘိုကျွမ်းက ပြောကြားသည်။

အခြားတရုတ်ဆောက်လုပ်ရေးလုပ်ငန်းရှင်များကဲ့သို့ပင် Evergrandeသည်လည်း နှစ်ပေါင်း ၃၀ နီးပါး တရုတ်၏ ဖွံ့ဖြိုးလာသောအခြေခံအဆောက်အအုံ တည်ဆောက်ရေးလုပ်ငန်းများအပေါ် ကြီးမားစွာ လောင်းကြေး ထပ်ခဲ့သည့် လုပ်ငန်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly