ဦးဝင်းထိန်က ပြောတယ်ဆိုတဲ့ သတင်းအမှား

ဦးဝင်းထိန်က ပြောတယ်ဆိုတဲ့ သတင်းအမှား

စက်တင်ဘာ ၂၅

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) သဘာပတိအဖွဲ့ဝင် ဦးဝင်းထိန်နဲ့ပတ်သက်ပြီးတော့ သတင်းမှားတစ်ပုဒ် ထွက်ရှိလို့နေပါတယ်။

အဲဒီသတင်းမှားထဲမှာ ဦးဝင်းထိန်က စက်တင်ဘာလ ၂၄ ရက်အပြီး ရုံးထုတ်မှာ အစိုးရသက်သေအနေနဲ့ ထွက်ဆိုပေးချင်နေတယ်လို့အစချီပြီး အကြမ်းဖက်မှုတွေအတွက် ဒေါ်အောင်ဆန်းစုကြည်မှာ တာဝန်ရှိတယ်လို့ ပြောသယောင်ရေးသားထားတာဖြစ်ပါတယ်။ အဲဒီ ဖေ့စ်ဘွတ်ပို့စ်ကို အာဏာသိမ်းစစ်ကောင်စီတပ်ထောက်ခံသူတွေက စတင်ဖြန့်ချိ ခဲ့ကြတာဖြစ်ပါတယ်။

အမှန်တကယ်ကတော့ စက်တင်ဘာ ၂၄ ရက်မှာတော့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ စီးပွားရေးအကြံပေး ရှောင်တာနယ်အပါအဝင် ဝန်ကြီး သုံးယောက်ကိုသာ ရုံးထုတ် စစ်ဆေးခဲ့တာပါ။ NLD သဘာပတိ ဦးဝင်းထိန်အား ရုံးထုတ် စစ်ဆေးခြင်းတော့မရှိခဲ့ပါဖူး။

အဆိုပါသတင်းစာဖြတ်ပိုင်းဟာ ဘယ်သတင်းဌာနက သတင်းဖြစ်တယ်ဆိုတာကို ဖော်ပြထားခြင်းလဲမရှိပါဘူး။

ဒါကြောင့် ဦးဝင်းထိန်ပြောတယ်ဆိုတဲ့ အကြောင်းအရာဟာ သတင်းမှားသာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly