ဖားကန့်နယ်မှာ KIA နှင့် စစ်ကောင်စီတပ် တိုက်ပွဲပြင်းထန်

ဖားကန့်နယ်မှာ KIA နှင့် စစ်ကောင်စီတပ် တိုက်ပွဲပြင်းထန်

စက်တင်ဘာ ၂၅

ဖားကန့်မြို့နယ်အစပ်၌ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က အာဏာ သိမ်းစစ်ကောင်စီတပ်စစ်ကြောင်းကို ယနေ့နံနက်တွင် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း ဒေသခံများအပြောအရ သိရသည်။

ယနေ့နံနက် ၆ နာရီကျော်က မြစ်ကြီးနား - တနိုင်း ၊ မြစ်ကြီးနား - ဖားကန့် လီဒိုလမ်းမကြီးဘေးမှာရှိပြီး ဖားကန့်မြို့နယ်စပ်ရွာဖြစ်သည့် လဝါးကျေးရွာကို ဖြတ်ကာ အင်အားအလုံးအရင်းဖြင့် တနိုင်းနှင့် ဖားကန့်ဘက်သို့ စစ်ကြောင်း ဆင်းလာစဉ် KIA က တိုက်ခိုက်ခြင်းဖြစ်သည်။

" ရွာအဝင်မှာ ပစ်ကြတာဟုတ်တယ်။ အဲ့နားကတောင်ကုန်းမှာ သူတို့ဗျုဟာ ကုန်းလည်းရှိတယ်။ အဲ့ဒီမှာ စစ်တပ်ဘက်က စစ်ကြောင်းထိုးလာတဲ့ အချိန် စောင့်ပစ်ပြီး ကြားဖြတ်တိုက်ခိုက်တဲ့သဘော ဟုတ်တယ်။ ခုနအထိတော့ ပစ်သံတွေ ကြားနေရတုန်းပဲ။ ခုတော့ တိုက်ပွဲက ပြီးသွားတာလား ဘယ်လိုလဲ မသိဘူး။ အသံတော့မကြားရတော့ဘူး။ ရွာသားတွေလည်း အကုန်လည်း တောင်ယာ မသွားကြတော့ဘူး " ဟု ဒေသခံတစ်ဦးက ပြောသည်။

တိုက်ပွဲဖြစ်ပွားရာနေရသည် KIA တပ်မဟာ (၂ )အောက်၊ တပ်ရင်း (၁၁)၏ နယ် မြေဖြစ်သော ဒွမ်ဘွမ်ခကျေးရွာ အကျော်တွင်တည်ရှိသည်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၃ ရက်နေ့ကလည်း လွယ်လီချောင်းအကျော် ဒွမ်ဘွမ်‌‌ အောက်ဘက်မှာသော တာဝါတိုင်အနီးတွင် နှစ်ဘက်တပ်များ တိုက်ပွဲပြင်းထန် စွာဖြစ်ပွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required