မြန်မာမိန်းကလေးငယ်အား အဓမ္မပြုသူ ထိုင်းလူငယ်လေးဦးကို ဖမ်းထား

မြန်မာမိန်းကလေးငယ်အား အဓမ္မပြုသူ ထိုင်းလူငယ်လေးဦးကို ဖမ်းထား

ဒီဇင်ဘာ ၁၈ ရက် ။            ။ ထိုင်းနိုင်ငံ စမွန်စခွန်ခရိုင်တွင် မြန်မာမိန်းကလေးငယ်တစ်ဦးအား ငွေလုပြီး အဓမ္မပြုကျင့်ခဲ့မှုဖြင့် ထိုင်းလူငယ်လေးဦးအား ဖမ်းဆီးထားကြောင်း သိရသည်။

ဒီဇင်ဘာ ၁၆ ရက်နေ့ မနက် ၅ နာရီကျော်ခန့်၌ ထိုင်းလူငယ် လေးဦးသည် ဆိုင်ကယ်နှစ်စီးဖြင့် သွားလာနေစဉ် တစ်ဦးတည်း လမ်းလျှောက်လာသည့် အသက် ၂၀ အရွယ် မြန်မာအမျိုးသမီးငယ် အားတွေ့ပြီးနောက် လူအရောက်အပေါက်နည်းသည့် အိမ်တစ်အိမ်သို့ ဆယ်ကယ်ဖြင့် အင်အားသုံး တင်ခေါ်သွားပြီး အဓမ္မပြုကျင့်ခဲ့သည်ဟု ထိုင်းနိုင်ငံထုတ် သည်နေးရှင်းသတင်းစာက ဖော်ပြသည်။

မြန်မာအမျိုးသမီးငယ်ထဲမှ ထိုင်းဘတ်ငွေ ၂၀၀၀ ကိုလည်း လုယူခဲ့သည်ဟု သတင်းစာက စမွန်စခွန်ရဲမှူးအား ကိုးကားရေးသားထားသည်။

အဓမ္မပြုကျင့်ပြီး ပြန်လွှတ်ပေးလိုက်သည့် မြန်မာအမျိုးသမီးငယ်က ရဲဌာနတွင် သွားရောက် တိုင်ကြားရာမှ အဆိုပါ ထိုင်းလူငယ်များအား ဖမ်းမိခြင်းဖြစ်သည်။

အဖမ်းခံထားရသည့် ထိုင်းလူငယ်များမှာ ၂၅ နှစ် တစ်ဦး၊ ၁၈ နှစ်အရွယ် နှစ်ဦးနှင့် ၁၇ နှစ်အရွယ်တစ်ဦးတို့ဖြစ်သည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly