ကမ္ဘာ့ဒုက္ခသည်များနှင့် အိုးအိမ်စွန့်ခွာထွက်ပြေးသူ ယခုနှစ်တွင် စံချိန်တင် သန်း ၆၀ ထက်များစွာကျော်လွန်နိုင်

ကမ္ဘာ့ဒုက္ခသည်များနှင့် အိုးအိမ်စွန့်ခွာထွက်ပြေးသူ ယခုနှစ်တွင် စံချိန်တင် သန်း ၆၀ ထက်များစွာကျော်လွန်နိုင်

ဂျီနီဗာ၊ ဒီဇင်ဘာ ၁၈ ။           ။ ကမ္ဘာတစ်ဝန်း အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ အရေအတွက်မှာ ယခုနှစ်စံချိန်တင် သန်း ၆၀ ထက်များစွာကျော်လွန်နိုင်ဖွယ်ရှိသည်ဟု ကုလသမဂ္ဂက ဒီဇင်ဘာ ၁၈ တွင် ထုတ်ပြန်လိုက်သည်။ ယင်းသို့ထွက်ပြေးသူအရေအတွက် များပြားရခြင်းမှာ အဓိကအားဖြင့် ဆီးရီးယားစစ်ပွဲအပြင် မျှော်လင့်သည်ထက် ရှည်ကြာနေသည့် ပဋိပက္ခများကြောင့် ဖြစ်သည်။

ခန့်မှန်းအရေအတွက်တွင် စစ်ပွဲများနှင့် နှိပ်စက်ခံရမှုများကြောင့် ထွက်ပြေးလာသည့် ဒုက္ခသည်အရေအတွက်မှာ ၁၉၉၂ခုနှစ်နောက်ပိုင်း အများဆုံးဖြစ်သည့် အရေအတွက် ၂၀ ဒသမ၂ သန်း လည်းပါဝင် သည်ဟု ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး၏ အစီရင်ခံစာတစ်ခုတွင် ဖော်ပြထားသည်။ ဂျာမနီ၊ ရုရှားနှင့် အမေရိကန်တို့သို့ိုလှုံခွင့်ရရေးစောင့်နေသူ လူ ၂ ဒသမ ၅ သန်းနီးပါးရှိနေပြီး ယခုနှစ် ပထမခြောက်လအတွင်း သင့်လျော်စွာတင်ပြတောင်းခံသူ တစ်သန်းနီးပါးကို လက်ခံထားသည်ဟု ဆိုသည်။

"၂၀၁၅ခုနှစ်ဟာ ကမ္ဘာတစ်ဝန်းပထမဆုံးအကြိမ်အဖြစ် အိုးအိမ်စွန့်ခွာထွက်ပြေးရသူ သန်း၆၀ကျော်မဲ့ အနေအထားရှိနေပါတယ်။ ဒါက လူ ၁၂၂ဦးမှာ တစ်ဦးနှုန်းက ထွက်ပြေးနေရတဲ့သဘောပါ"ဟု အစီရင်ခံစာကဆိုသည်။ ၂၀၁၄ခုနှစ်အကုန်က စုစုပေါင်းအရေအတွက်မှာ ၅၉ဒသမ၅သန်းရှိသည်။

လူ ၃၄သန်းခန့်မှာ ယခုနှစ် နှစ်လယ်ခန့်က ပြည်တွင်းမှာပင် ထွက်ပြေးနေခဲ့ရပြီး ၂၀၁၄ခုနှစ် အလားတူကာလထက် ၂သန်းခန့်ပိုနေသည်။ မတ်လက ပြည်တွင်းစစ်စဖြစ်ခဲ့သော ယီမင်မှာပင် အိုးအိမ် စွန့်ထွက်ပြေးရသူ ၉၃၃,၅၀၀ခန့်ရှိလာခဲ့သည်။

ပဋိပက္ခဇုန်များနှင့် နယ်နိမိတ်ချင်းထိစပ်နေသော ဖွံ့ဖြိုးဆဲနိုင်ငံများမှာ ဒုက္ခသည်အများအပြားကို လက်ခံနေရသည်ဟုလည်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ ဒုက္ခသည်များကြောင့် မကျေနပ်မှုများကြီး ထွားခြင်းအပြင် နိုင်ငံရေးအပေါ်သြဇာလွှမ်းမိုးမှုရှိလာနိုင်ကြောင်းလည်း သတိပေးထားသည်။

အောက်တိုဘာလက အမြင့်ဆုံးရောက်ရှိခဲ့သော ဒုက္ခသည်များနှင့် ရွှေ့ပြောင်းအခြေချသူများ မြေထဲပင်လယ်ကို ဖြတ်၍ စီးဝင်မလာမီ နှစ်လယ်က တရားဝင်စာရင်းများအပေါ်အခြေခံထားသည့် အစီအရင်ခံစာက ကမ္ဘာလုံးဆိုင်ရာစုစုပေါင်းအရေအတွက်ကို ခန့်မှန်းရန် ဦးတည်နေသည့်အနေအထားများကို ထည့်သွင်းတွက်ဆခဲ့သည်။

၂၀၁၁ က စတင်ခဲ့သော ဆီးရီးယားပြည်တွင်းစစ်က အစုလိုက်အပြုံလိုက် ထွက်ပြေးမှု၏ အဓိကလက်သည်ဖြစ်ပြီး ဆီးရီးယားဒုက္ခသည် ၄ဒသမ၂သန်းကျော်မှာ ပြည်ပသို့ထွက်ပြေးခဲ့သည်။ ထို့အပြင် နှစ်လယ်ခန့်က ၇ဒသမ၆သန်းခန့်မှာလည်း ပြည်တွင်းမှာပင် ထွက်ပြေးခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly