စစ်ကောင်စီက ၎င်းတို့ ဖမ်းထားသည့် မြို့ပြပြောက်ကျားအဖွဲ့ဝင်အား ဖုန်းဆက်ခိုင်းပြီး ကျန်အဖွဲ့ဝင်များကို ထောင်ချောက်ဆင်ဖမ်းဆီးနေ

စစ်ကောင်စီက ၎င်းတို့ ဖမ်းထားသည့် မြို့ပြပြောက်ကျားအဖွဲ့ဝင်အား ဖုန်းဆက်ခိုင်းပြီး ကျန်အဖွဲ့ဝင်များကို ထောင်ချောက်ဆင်ဖမ်းဆီးနေ

စက်တင်ဘာ ၂၄

စစ်ကောင်စီတပ်ဖွဲ့ဝင်များက ၎င်းတို့ ဖမ်းဆီးထားသည့် မြို့ပြပြောက်ကျားအဖွဲ့ဝင် ကိုမျိုးဆိုသူကို ဖုန်းဆက်ခိုင်းပြီး ကျန်လွတ်မြောက်နေသည့် မြို့ပြပြောက်ကျားအဖွဲ့ဝင်များ(PDF) နှင့် PDF များအား ကူညီနေသူများကို ထောင်ချောက်ဆင်ဖမ်းနေကြောင်းသိရသည်။

ကိုမျိုး အသုံးပြုသည့် ဖုန်းမှာ MPT အမျိုးအစား 09 457 699 228 ဖြစ်ပြီး ထိုဖုန်းကိုမဆက်သွယ်ကြရန်နှင့် ထိုဖုန်းဖြင့်ဆက်သွယ်လာပါက ဖုန်းလက်ခံမပြောကြရန် မြို့ပြ‌ပြောက်ကျားတပ်ဖွဲ့ဝင်များက ပြောသည်။

"စစ်ခွေးတွေက သူနဲ့ရင်းနှီးတဲ့သူတွေ၊ သူကိုကူညီနေတဲ့သူတွေဖုန်းခေါ်တယ်။ ပြီးတော့ ဘယ်နေရာမှာ လာတွေ့ပါ။ ဘာလုပ်ပေးပါဆိုပြီး ကိုမျိုးကို ပြောခိုင်းတယ်။ ပြီးတော့ လာတွေ့ရင် စစ်ခွေးတွေက ဝိုင်းဖမ်းတယ် ။ အခုလောလောဆယ် ကန်ကြီးထောင့်မြို့က နှစ်ယောက်နဲ့ ငပုတောမြို့က တစ်ယောက်ကိုတော့ အဲဒီလိုဖုန်းဆက်ခေါ်ပြီး ထောင်ချောက်ဆင်ဖမ်းသွားပြီ"ဟု PDF အဖွဲ့ဝင် တစ်ဦးက ဆိုသည်။ ‌

ကိုမျိုးသည် ရခိုင်ပြည်နယ်တွင် နေထိုင်သူတစ်ဦးဖြစ်ပြီး စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး

များပြုလုပ်နေသည့် ဧရာဝတီတိုင်းအတွင်းရှိ မြို့ပြပြောက်ကျားများကို လာရောက်ကူညီနေသူတစ်ဦးဖြစ်သည်ဟု ပုသိမ်မြို့ပြပြောက်ကျားအဖွဲ့ဝင်တစ်ဦးက ဆိုသည်။

ကိုမျိုးသည် ဧရာဝတီတိုင်း၊သာပေါင်းမြို့နယ် ၊သဲဖြူကျေးရွာအနီးတွင် စက်တင်ဘာ ၂၂ ရက် ညနေ ၃ နာရီခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးမှုကိုခံခဲ့ရသည်။

ဓာတ်ပုံ-ဖမ်းဆီးခံထားရသော ကိုမျိုး၏ပုံ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required