ဝူဟန်ဓာတ်ခွဲခန်းက ပုံမှန်ကိုရိုနာဗိုင်းရပ်စ်ပိုးမျိုးစိတ်ထက် အဆ ၁၀ဝဝဝ အထိပြင်းထန်သည့် ပိုးကို ဖန်တီးခဲ့

ဝူဟန်ဓာတ်ခွဲခန်းက ပုံမှန်ကိုရိုနာဗိုင်းရပ်စ်ပိုးမျိုးစိတ်ထက် အဆ ၁၀ဝဝဝ အထိပြင်းထန်သည့် ပိုးကို ဖန်တီးခဲ့

တရုတ်ပြည် ဝူဟန်အခြေစိုက်ဓာတ်ခွဲခန်းတစ်ခုက ပုံမှန်ကိုရိုနာဗိုင်းရပ်စ်ပိုးမျိုးစိတ်ထက်အဆ ၁၀ဝဝဝ အထိပြင်းထန်သည့် ပိုးကို ဖန်တီးခဲ့ကြောင်း မီဒီယာများက စက်တင်ဘာ ၁၈ရက်တွင် ဖော်ပြခဲ့သည်။

ပညာရှင်တစ်ဦးကို ကြွက်တစ်ကောင်ကိုက်လိုက်ရုံဖြင့် ဗိုင်းရပ်စ်သည်လွတ်သွားနိုင်မည်ကိုစိုးရိမ်ရသည်။

ကိုဗစ်-၁၉ ကူးစက်ရောဂါကို တစ်ကမ္ဘာလုံးတွင် ယခုနှစ်နှစ်အတွင်း ရင်ဆိုင်နေရသည်။

ဗိုင်းရပ်စ်ပိုး ကို မွေးမြူပြီးနောက် စမ်းသပ်သည့် ကြွက်များသို့ ကူးစက်ရာတွင် အမေရိကန်အစိုးရ အေဂျင်စီ တစ်ခုက ရန်ပုံငွေထောက်ပံ့ပေးထားသော တရုတ်သုတေသနအဖွဲ့က မည်ကဲ့သို့ ပါဝင်ပတ်သက်နေကြောင်း ဖော်ပြသည့် ထိတ်လန့်ဖွယ် စာရွက်စာတမ်းများ ရုတ်တရက် ထွက်ပေါ်လာခဲ့ကြောင်း The Sun က ဖော်ပြခဲ့သည်။

အမေရိကန် အင်န်ဂျီအို အဖွဲ့ဖြစ်သည့် EcoHealth Alliance နှင့် အိမ်ဖြူတော်အကြံပေး ဒေါက်တာဖာစီအန် ထော်နီ၏ အမျိုးသား ကျန်းမာရေး အင်စတီကျု့ (NIH) တို့ပူးပေါင်းပြီး ၂၀၁၇ ခုနှစ်မှ ၂၀၁၉ ခုနှစ်အကြား ထောက်ပံ့ငွေလျှောက်ထားမှုများကို အမေရိကန်သိပိုင်ခွင့်စည်းမျဉ်းအရ ထုတ်ပြန်သော စာရွက်စာတမ်းများတွင် ဖော်ပြထားသည်ဟု သတင်းစာက ဆိုသည်။

ယင်းသုတေသနကို တရုတ်နိုင်ငံ ဝူဟန်ဗိုင်းရပ်စ်ဗေဒအင်စတီကျု့ တွင် ပြုလုပ်ခဲ့ပြီး ဓာတ်ခွဲခန်းမှ မိုင် ၁၁၈၁ ကွာဝေးသည့် မိုကျန်းရှိ ကြေးနီထုတ်လုပ်သည့်တွင်းဟောင်းမှ လင်းနို့များတွင် တွေ့ရှိရသည့် ကိုရိုနာဗိုင်းရပ်စ်များကို လေ့လာခဲ့ကြသည်။

စာတမ်းများတွင် အန္တရာယ်ရှိသောစမ်းသပ်မှုများကို ပြုလုပ်ခဲ့မှုတွင် ပါဝင်ခဲ့ကြောင်းတွေ့ရပြီး ယင်းသို့ပြုလုပ်ရာမှ ဗိုင်းရပ်စ်က ဓာတ်ခွဲခန်းမှ လွတ်မြောက်သွားခြင်းဖြစ်နိုင်ကြောင်း Rutgers တက္ကသိုလ်မှ ဇီဝဘေးကင်းလုံခြုံရေး ကျွမ်းကျင်ပညာရှင် ဓာတုဗေဒနှင့် ဓာတုဇီဝဗေဒပါမောက္ခ ရစ်ချက်အီးဘရိုက်က The Sun Online သို့ ပြောကြားခဲ့သည်။

"စာရွက်စာတမ်းတွေအရ အနည်းဆုံးဓာတ်ခွဲခန်း ၃ခုက မွေးထုတ်တဲ့ SARS နဲ့ ဆက်စပ်တဲ့ ကိုရိုနာဗိုင်းရပ်စ် တွေက လင်းနို့တွေမှာရှိနေတဲ့အချိန်ထက် စမ်းသပ်ခံ ကြွက်တွေမှာ ၁၀ ဆ ကနေ အဆ ၁၀ဝဝဝ ပိုမွှားတွေ ပိုများကြောင်း တွေ့ရပါ တယ်" ဟု သူက ဆိုသည်။

ဝူဟန်ဓာတ်ခွဲခန်း၏ ဒါရိုက်တာဖြစ်သူ ပါမောက္ခ ဝမ်ယန်ယိက ဝူဟန် ဓာတ်ခွဲခန်းမှ ဗိုင်းရပ်စ်သည် ယိုစိမ့် ထွက်ပေါ် လာသည် ဟူသော စွပ်စွဲချက်များအားလုံးကို ယခင်ကငြင်းဆန်ခဲ့ပြီး သူမ၏ ဓာတ်ခွဲခန်းသည် ၁၀ဝ ရာခိုင်နှုန်း လုံခြုံသည်ဟု အခိုင်အမာပြောကြားခဲ့သလို တရုတ်အစိုးရကလည်း အနောက်တိုင်း၏ စွပ်စွဲချက်များသည် အခြေအမြစ်မရှိကြောင်း ပြင်းပြင်းထန်ထန် တုန့်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly