ပျူစောထီးဟု နာမည်ထွက်နေသူ ပစ်သတ်ခံရ

24 September 2021
ပျူစောထီးဟု နာမည်ထွက်နေသူ ပစ်သတ်ခံရ

စက်တင်ဘာလ ၂၄ ရက်

မန္တလေးတွင် ပျူစောထီးဟု နာမည်ထွက်နေသူတစ်ဦး ယနေ့နံနက်က သေနတ်ဖြင့်ပစ်သတ်ခံလိုက်ရပြန်သည်။

ပြည်ကြီးတံခွန်မြို့နယ် (စ)ရပ်ကွက်၊ ၅၆ လမ်း၊ ၁၂၅ လမ်းနှင့်၁၂၆ လမ်းကြားတွင် နေထိုင်သည့်  ဦးသိန်းထွန်းသည် စက်တင်ဘာလကို နံနက် ၈နာရီခန့်က သေနတ်ဖြင့်ပစ်ခံရ၍ သေဆုံးသွားသည်။ 

"၈ နာရီ လောက်က အိမ်ထဲဝင်ပစ်သွားတာပဲ။နားထင်အပစ်ခံရတော့ သေတာပေါ့။ကျွန်တော်တို့လည်း သေနတ်သံကြားမှ သိတာဗျ။"ဟု မျက် မြင်တစ်ဦးကပြောသည်။

သေဆုံးသူသည် CDM ဝန်ထမ်းများနှင့် ဆန္ဒပြရာတွင် ပါဝင်သော လူငယ်များ နေထိုင်သည့် နေရာများကို စစ်ကောင်စီထံ သတင်းပေးနေသူ တစ်ဦးလည်း ဖြစ်သည်ဟု ရပ်ကွက်ခံများကဆိုသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly