AA ကို ရိက္ခာမထောက်ပံ့ရန် ဘူးသီးတောင်မြို့နယ်တွင်း သတိပေး

AA ကို ရိက္ခာမထောက်ပံ့ရန် ဘူးသီးတောင်မြို့နယ်တွင်း သတိပေး

စက်တင်ဘာ ၂၃

ဘူးသီးတောင်မြို့နယ်အတွင်းရှိ ကျေးရွာတာဝန်အချို့ကို ရက္ခိုင့်တပ်တော် (AA) သို့ စားနပ်ရိက္ခာများမထောက်ပံ့ရန် စစ်ကောင်စီတပ်က ခေါ်ယူသတိပေးခဲ့ သည်ဟု ကျေးရွာတာဝန်ခံများအပြောအရသိရသည်။

ဘူးသီးတောင်မြို့နယ် အမှတ်(၅၃၅)တပ်ရင်းမှ တပ်ရင်းမူးက ငါးရံ့ချောင်း ကျေးရွာအုပ်စုအတွင်းမှ ကျေးရွာ တာဝန်ခံများအားခေါ်ယူပြီး ရွာသား များအတွက် နိုင်ငံတကာကြက်ခြေနီအဖွဲ့ (ICRC) ကထောက်ပံ့ပေးသည့် စားနပ်ရိက္ခာများကို AA အားမထောက်ပံ့ရန်ပြောသွားခြင်းဖြစ်သည်။

‘’ICRC ကပေးတဲ့ စားနပ်ရိက္ခာကိုအေအေ ကိုပေးလားမေးတယ်။ ရွာမှာ AA ကော်မတီဝင်ရှိလားမေးတယ်။ ထောက်ပံ့ငွေတောင်းခံတာတွေရှိလား မေး တယ်။ ”ဟု တာဝန်ခံတစ်ဦးက ပြောသည်။

အလားတူ စက်တင်ဘာလ ၆ ရက်နေ့ကလည်း ကျောက်တော်မြို့နယ်မှ မွတ်ဆလင်ကျေးရွာအုပ်ချုပ်ရေးမူူးများကို စစ်ကောင်စီတပ်က AA ၏ တရားစီရင်ရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက် ခြင်းမပြုရန်နှင့်ပူးပေါင်းပါက အရေးသွားမည်ဟု သတိပေးထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly