ပါကစ္စတန်နှင့် တရုတ်တို့၏ နျူကလီးယားစာချုပ်က နျူကလီးယားပြိုင်ပွဲနှင့် ပဋိပက္ခများဆီသို့ တွန်းပို့စေနိုင်

By Zee 5
23 September 2021
ပါကစ္စတန်နှင့် တရုတ်တို့၏ နျူကလီးယားစာချုပ်က နျူကလီးယားပြိုင်ပွဲနှင့် ပဋိပက္ခများဆီသို့ တွန်းပို့စေနိုင်

ကမ္ဘာကြီးကို နျူကလီးယားပြိုင်ပွဲနှင့် ပဋိပက္ခများဆီသို့ တွန်းပို့မည့် နျူကလီးယား သဘောတူညီချက် အသစ်တစ်ခုကို ပါကစ္စတန်နှင့် တရုတ်တို့က လက်မှတ် ရေးထိုးလိုက်သည်။

အဆိုပါ စာချုပ်သည် အန္တရာယ်ရှိသော နျူကလီးယားသဘောတူညီချက်အသစ်ဖြစ်ကြောင်း The Times of Israel ဘလော့ပို့စ်တစ်ခုတွင် ဖာဘီယမ် ဘူဆာ့က ရေးသားခဲ့သည်။

နျူကလီးယားစွမ်းအင် ပူးပေါင်းဆောင်ရွက်မှုပိုမိုနက်ရှိုင်းစေရေး မူဘောင်သဘောတူညီချက်ကို ပါကစ္စတန် အဏုမြူစွမ်းအင်ကော်မရှင် (PAEC) နှင့် တရုတ်ကျုံးယမ်းအင်ဂျင်နီယာပူးပေါင်းဆောင်ရွက်ရေးအဖွဲ့တို့က ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၈ ရက်တွင် လက်မှတ်ရေးထိုးခဲ့သည်။

၂၀၂၁ ခုနှစ် သြဂုတ်လ ၂၀ ရက်တွင် ပြုလုပ်ခဲ့သည့် အဆင့်မြင့်အစည်းအဝေးတစ်ခုတွင် ၁၀ နှစ်သက်တမ်းရှိမည့် ယင်းစာချုပ်ကို အပြီးသတ်သဘောတူညီမှုရရှိခဲ့ပြီး အွန်လိုင်းမှ တဆင့်လက်မှတ်ရေးထိုးခဲ့ကြောင်း The Times of Israel က ဖော်ပြခဲ့သည်။

အဆိုပါ သဘောတူညီချက်တွင် နျူကလီးယားနည်းပညာလွှဲပြောင်းခြင်း၊ ယူရေနီယံသတ္တူတူးဖော်ခြင်းနှင့် သန့်စင်ခြင်း၊ နျူကလီးယားလောင်စာထောက်ပံ့မှုနှင့် သုတေသနဓာတ်ပေါင်းဖိုများတည်ဆောက်ခြင်းတို့ ပါဝင်ပြီး ပါကစ္စတန်၏ နျူကလီးယားလက်နက်များသိုလှောင်မှုကို တိုးမြှင့်ပေးလိမ့်မည်ဖြစ်သည်။

ပါကစ္စတန်၏ နျူကလီးယားစွမ်းအားကြီးမားလာခြင်းက အိန္ဒိယ၏ စစ်အင်အားကိုတန်ပြန်နိုင်သည့်အတွက် တရုတ်၏ မဟာဗျူဟာနှင့် အံဝင်ဂွင်ကျ ဖြစ်စေလိမ့်မည်ဟု ဘူဆာ့က ဆိုသည်။

ယခင်က ပါကစ္စတန်၏ တရားမဝင်နျူကလီးယားကုန်သွယ်မှု၊ လွှဲပြောင်းမှုများကို ထည့်သွင်းစဉ်းစားပါက ၂၀၂၁ သဘောတူညီချက်တွင် ဆောက်လုပ်ရေး၊ ပြုပြင်ထိန်းသိမ်းရေးနှင့် နျူကလီးယား ဓာတ်ပေါင်းဖိုများ စီမံခန့်ခွဲမှု၌ ပူးပေါင်းဆောင်ရွက်မှုကို မျှော်မှန်းထားသော်လည်း နည်းပညာလွှဲပြောင်းမှုနှင့် ယူရေနီယံသန့်စင်ခြင်းက နျူကလီယား ထိပ်ဖူးပစ္စည်းများထုတ်လုပ်ခြင်းအတွက် ဖြစ်ခြင်းကြောင့် လွန်စွာအန္တရာယ်များမြင့်မား နေကြောင်းThe Times of Israel က ဖော်ပြခဲ့သည်။

သဘောတူညီချက်၏ကျယ်ပြန့်မှုနှင့် အကြောင်းအရာများကြောင့် အဆိုပါသံသယများ ပိုမို အားကောင်းလျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly