ဘင်္ဂလားဒေ့မြို့တော်ရှိ ပါကစ္စတန် အဆင့်မြင့်အရာရှိရုံးက ဘာသာရေး အခြေခံသော အသရေဖျက်သည့် လှုံ့ဆော်မှုပြုလုပ်

By Economic Times
23 September 2021
ဘင်္ဂလားဒေ့မြို့တော်ရှိ ပါကစ္စတန် အဆင့်မြင့်အရာရှိရုံးက ဘာသာရေး အခြေခံသော အသရေဖျက်သည့် လှုံ့ဆော်မှုပြုလုပ်

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့ရှိ ပါကစ္စတန် အဆင့်မြင့်အရာရှိရုံးက ဘာသာရေးကို အခြေခံသည့် မဟုတ် မမှန်သော လှုံ့ဆော်မှုတစ်ခုကို အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ ပညာရေးနှင့် မီဒီယာများမှတဆင့် လူမှုမီဒီယာများကို အသုံးပြု၍ ပြုလုပ်ခဲ့ကြောင်း စွပ်စွဲခံနေရသည်ဟု ဘင်္ဂလားဒေ့ရှ် ထိပ်တန်းသတင်းစာ ProthomAloက စိတ်လှုပ် ရှားဖွယ် သတင်းတစ်ပုဒ်ကို ဖော်ပြခဲ့သည်။

ဒါကာမြို့ရှိ ပါကစ္စတန်အဆင့်မြင့်အရာရှိရုံးသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံရေးပါတီများ၊ အရပ်ဘက်လူမှုအဖွဲ့ အစည်းများ၊ ထင်ရှားသောနိုင်ငံသားများ၊ ပညာရှင်များနှင့် မီဒီယာများမှ ကိုယ်စားလှယ်များဖြင့် WhatsAppတွင် အဖွဲ့တစ်ခုကို ထူထောင်ခဲ့သည်ဟု သတင်းအရင်းအမြစ်များကို ကိုးကား၍ စက်တင်ဘာ ၁၆ရက်က ProthomAloက ဖော်ပြခဲ့သော သတင်းတွင် စွပ်စွဲထားသည်။

“ ပါကစ္စတန်၏ ISI သည် ဘာသာရေးစိတ်ဓာတ်များကို အရင်းခံခြင်းအားဖြင့် နောက်ကွယ်မှ လှုံ့ဆော်မှု အမျိုး မျိုးကို လုပ်ဆောင်နေသည်။ ပါကစ္စတန်ထောက်လှမ်းရေးအေဂျင်စီသည် သတင်းမှားများနှင့် အကျိုးအမြတ် အချို့အတွက် သတင်းတုများဖြန့်ချိနေသည်” ဟု သတင်းတွင် စွပ်စွဲဖော်ပြခဲ့သည်။ ProthomAloသည် ဘင်္ဂလားဒေ့ရှ်တွင် လူဖတ်အများဆုံးသတင်းစာ ဖြစ်သည်။

အပြုသဘောမဆောင်သောစိတ်များဖြစ်ပေါ်စေရန်နှင့် အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်ရှိ အသိုင်းအဝိုင်းများအကြား တင်းမာမှုများကိုဖန်တီးရန်ရည်ရွယ်ချက်ဖြင့် Whatsappအုပ်စုတွင် ပို့စ်များ၊ သတင်းများ၊ သတင်းအချက် အလက်တုများဖော်ပြလေ့ရှိကြောင်း စုံစမ်းမှုများအရ သိရသည်။

ဘင်္ဂလားဒေ့ရှ်အနေဖြင့် ပါကစ္စတန်၏ ယင်းကဲ့သို့သော လုပ်ထုံးလုပ်နည်းများကို သိရှိထားသော်လည်း ပါကစ္စတန် ရှိ အဆင်မြင့်အရာရှိရုံးသည် ယခင်ကတည်းက အိန္ဒိယဆန့်ကျင်သောစစ်ဆင်ရေးများအတွက် ဘင်္ဂလားဒေ့ရှ် ကို အသုံးချလေ့ရှိသည်။ ၂၀၁၅ ခုနှစ်တွင် ပါကစ္စတန်သံတမန် ဖာရင်အာရှက်သည် အကြမ်းဖက်မှုကို အားပေးမြှင့် တင်သဖြင့် ဘင်္ဂလားဒေ့ရှ်မှ နှင်ထုတ်ခံခဲ့ရသည်။

၂၀၁၆ ခုနှစ်နောက်ပိုင်းတွင် ပါကစ္စတန်သံတမန်တစ်ဦးဖြစ်သူ မာဇာခန်သည် တရားမဝင်အကြမ်းဖက်အဖွဲ့ JMB အားငွေကြေးထောက်ပံ့မှုပြုလုပ်စဉ် အဖမ်းခံခဲ့ရသည်။

အိန္ဒိယအစိုးရက ဂျမူးနှင့် ကက်ရှ်မီးယားတို့အား အထူးအခွင့်အရေးပေးသော ပုဒ်မ ၃၇၀ ကို ရုပ်သိမ်းပြီးနောက် ပါကစ္စတန်က သံတမန်ရေးရာလမ်းကြောင်းများကို အလွဲသုံးစားပြု၍ ငွေကြေးအတုများ တရားမဝင် သယ်ပို့ခြင်း၊ အိန္ဒိယဆန့်ကျင်ရေးလှုပ်ရှားမှုများကို လှုံ့ဆော်ပေးခြင်းတို့ကို ပြုလုပ်ခဲ့ကြောင်း ဒါကာအခြေစိုက် အရာရှိများက Economic Times သို့ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly