ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ရာထူးကို ပတ်မှတ်ထားနေတဲ့ ကင်မရွန်းတိုက်စစ်မှူးဟောင်း အီတူး

ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ရာထူးကို ပတ်မှတ်ထားနေတဲ့ ကင်မရွန်းတိုက်စစ်မှူးဟောင်း အီတူး

ဘာစီလိုနာကြယ်ပွင့်ကစားသမားဟောင်း ဆင်မြူရယ် အီတူးက သူဟာ ကင်မရွန်းဘောလုံးအဖွဲ့ချုပ်ရဲ့ ဥက္ကဋ္ဌနေရာအတွက် ဒီဇင်ဘာရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ ဗုဒ္ဓဟူးနေ့က ပြောပါတယ်။

လက်ရှိဥက္ကဋ္ဌ Seidou Mbombo Njoya ဟာ သူ့ရဲ့ ရာထူးကို အားကစားခုံရုံးက ပယ်ချခဲ့ပြီးနောက် ဇန်နဝါရီလမှာ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပဖို့အတွက် နိုင်ငံမှာ ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ရာထူး လစ်လပ်နေတာဖြစ်ပါတယ်။

အီတူးဟာ Mbomo ရဲ့ ရွေးကောက်ပွဲမဲဆွယ်စည်းရေးကို ထောက်ခံခဲ့ပေမယ့်လည်း ကစားသမားဘဝကနေ အနားယူပြီး နှစ်နှစ်အကြာ အသက် ၄၀ နှစ်အရွယ် အီတူးက သူ့ရဲ့ဘောလုံးအပေါ် စိတ်ပါဝင်စားမှုဟာ သူ့ကို တွန်းအားပေးနေတာဖြစ်တယ်လို့ ဆိုပါတယ်။

"ကင်မရွန်းဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ရာထူးအတွက် ကျနော့်ရဲ့ ရွေးကောက်ခံအဖြစ် ကြေညာတာကို ဂုဏ်ယူပြီးရင်း ဂုဏ်ယူပါတယ်။ သေချာစဉ်းစားပြီးမှ ကင်မရွန်းကို ချစ်တဲ့ စိတ်နဲ့ ဒီအစီအစဉ်ကို လုပ်ဖို့ ဆုံးဖြတ်လိုက်တာပါ။ ပြီးနော့ ကျနော်တို့ရဲ့ ဘောလုံးလောကကို စိတ်ပါဝင်စားလို့ပါ။"လို့ အီတူးက လူမှုကွန်ရက်ပေါ်မှာ ပြောပါတယ်။

"စောင့်ဆိုင်းရတာဟာ ရွေးချယ်စရာ မဟုတ်ပါဘူး။ ကျနော်တို့ရဲ့ ဘောလုံးလောကကို ပြန်လည် တည်ဆောက်ဖို့ အချိန်တန်ပါပြီ။ ကျန်ကမ္ဘာ့နိုင်ငံတွေက ရှေ့ဆက်သွားနေတာကြောင့် ကျနော်တို့ရဲ့ နံပါတ်တစ်အားကစားကို ပြန်လည်မွမ်းမံဖို့ ကျနော်တို့ နောက်ကျလို့ မရတော့ပါဘူး။ "

အီတူးဟာ ကင်မရွန်းလက်ရွေးစင်အသင်းအတွက်လည်း ပွဲပေါင်း (၁၁၈)ပွဲကစားပေးခဲ့ရာမှာ (၅၆)ဂိုး သွင်းယူပေးခဲ့ပြီး အသင်းနဲ့အတူ အာဖရိကနိုင်ငံများဖလား (၂)ကြိမ်နဲ့ အိုလံပစ်ရွှေတံဆိပ်ဆု (၁)ဆု ဆွတ်ခူးခဲ့သူဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly