ကောလင်းတွင် ည ၈ နာရီနောက်ပိုင်း အိမ်ပြင်မထွက်ရန် မြို့ခံကာကွယ်ရေး တပ်သတိပေး

ကောလင်းတွင် ည ၈ နာရီနောက်ပိုင်း အိမ်ပြင်မထွက်ရန် မြို့ခံကာကွယ်ရေး တပ်သတိပေး

စက်တင်ဘာ ၂၃

ကောလင်းမြို့နေပြည်သူများကို ယနေ့ည ၈ နာရီနောက်ပိုင်းကစ၍ အိမ်ပြင် မထွက်ကြပါရန် မြို့ခံကာကွယ်ရေးတပ်က သတိပေးစာထုတ်ပြန်လိုက်သည်။

အာဏာသိမ်းစစ်တပ်က ရွှေဘို - မြစ်ကြီးနား ပြည်ထောင်စုလမ်းပိုင်းတွင် ရှိသော ကောလင်းမြို့ကိုဖြတ်ကာ စစ်လက်နက်ရိက္ခာအများအပြားကို ကချင် ပြည်နယ်နှင့် စစ်ကိုင်းတိုင်းအနောက်ပိုင်ဒေသများကို ပို့ဆောင်နေချိန်တွင် ကချင်လွတ်မြောက်ရေးတပ် (KIA) နှင့် ချိတ်ဆက်ထားသော ကောလင်းပြည်သူ့ ကာကွယ်ရေးတပ် (KLPDF) ၏ ထုတ်ပြန်ချက်ထွက်ပေါ်လာခြင်းဖြစ်သည်။

သတိပေးစာထဲတွင် ခရီးသွားပြည်သူများအနေဖြင့် ကောလင်း-ကျောက်တန်း လမ်းမကြီး၊ မန္တလေး-မြစ်ကြီးနား ဆက်သွယ်ထားသော ပြည်ထောင်စုလမ်း မကြီးဖြစ်သည့် ကောလင်းဥက္ကံလမ်းမကြီးကို ည ၈ နာရီကျော်လျှင် မည်သည့် အကြောင်းနှင့်မျှ အသုံးမပြုရန် ပါရှိသည်။

လိုက်နာမှုမရှိလျှင် ဖြစ်ပေါ်လာသည့်အကျိုးဆက်များကို KLPDF က တာဝန်ယူ ဖြေရှင်းမည်မဟုတ်ကြောင်းလည်း ပါရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly