ဂင်းနစ်စံချိန် ဝင်မယ့် နွေဦးသံပုံးသံ(ဆောင်းပါး)

23 September 2021
ဂင်းနစ်စံချိန် ဝင်မယ့် နွေဦးသံပုံးသံ(ဆောင်းပါး)

မြန်မာပြည်ဟာ ဂင်းနစ်ကမ္ဘာ့စံချိန်တွေနဲ့ စိမ်းတဲ့ နိုင်ငံတော့ မဟုတ်ပါဘူး။ ကဏ္ဍနဲ့ အကြောင်းအရာတွေအလိုက် ဂင်းနစ်မှတ်တမ်းဝင်ထားတာတွေ ရှိပါတယ်။ ဒီကနေ့ မြန်မာနိုင်ငံမှာ နောက်ထပ်မှတ်တမ်းဝင်ဖို့ရှိနေတဲ့ အရာတစ်ခု ရှိပါတယ်။ အဲဒါကတော့ ညစဉ် ညတိုင်း ၈ နာရီဆိုရင် နိုင်ငံအနှံ့က စစ်အုပ်စုဆန့်ကျင်ရေး သံပုံးတီးသံတွေ ဖြစ်ပါတယ်။ စစ်တပ်က ဖေဖော်ဝါရီလ ၁ ရက် အာဏာ သိမ်းမှုလုပ်ပြီး ရက်ပိုင်းမှာပဲ စစ်အာဏာရှင်ဆန့်ကျင်ရေး သံပုံးတီး၊ တောထုတ်သံတွေဟာ မြို့ကြီးတွေမှာ စတင်ခဲ့ပြီးနောက် နိုင်ငံ အနှံ့ သံပုံးတီးလှုပ်ရှားမှုတွေ ဖြစ်လာခဲ့ပါတယ်။ တောရော၊ မြို့ပါမကျန် အိမ်တွင်းလိုလို၊ လမ်းတိုင်းလိုလိုမှာ သံပုံးသံတွေ ညံခဲ့ပါတယ်။ အစပိုင်းမှာ စစ်အုပ်စုက ဒီသံပုံးတီးမှုကို လွှတ်ထားခဲ့ပေမယ့် နောက်ပိုင်းမှာ သံပုံးတီးသူတွေကို ရိုက်နှက်၊ ဖမ်းဆီး၊ တရားစွဲတာတွေ ဆက်တိုက်လုပ်ခဲ့ပါတယ်။ ဒါပေမဲ့လည်း အာဏာသိမ်းမှုအပြီး ရှစ်လကျော်တဲ့အထိ သံပုံးတီးသံတွေက စဲမသွားသေး၊ ရပ်မသွားသေး၊ ညံနေဆဲ ဖြစ်ပါတယ်။ လူအစုအဝေးနဲ့ ဖြစ်မှု၊ ထူးခြားမှု၊ အချိန်သတ်မှတ်မှုတွေနဲ့ တိုင်းတာပြီး မှတ်တမ်းတင်နေတဲ့ ဂင်းနစ်စံချိ်နမှတ်တမ်းအရဆိုရင် နွေဦးသံပုံးတီးသံဟာ လူအများပါဝင်မှု၊ အချိန်ကိုက်လှုပ်ရှားမှု၊ ကာလကြာရှည်မှု စံချိန်စံညွှန်းတွေနဲ့ဆိုရင် ဂင်းနစ်ကမ္ဘာ့စံချိန်သစ် ဖြစ်နေပါပြီ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly