ဒဏ်ရာမှပြန်ကောင်းလာသော်လည်း မန်စီးတီးနှင့်ပွဲတွင် ဆန်းချက်ဇ်ပါဝင်ရန်မသေချာ

ဒဏ်ရာမှပြန်ကောင်းလာသော်လည်း မန်စီးတီးနှင့်ပွဲတွင် ဆန်းချက်ဇ်ပါဝင်ရန်မသေချာ

ဒီဇင်ဘာ ၁၈၊ လန်ဒန် ။            ။ တနင်္လာနေ့တွင် ကစားရမည့် မန်စီးတီးနှင့်ပွဲတွင် ဆန်းချက်ဇ်ကို အနားပေးထားဖွယ်ရှိနေသည်ဟု အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးက ပြောသည်။

ပြီးခဲ့သည့်လက နော့ဝှစ်ချ်နှင့်ပွဲတွင် ဒူးကောက်ကြောဒဏ်ရာရခဲ့သော ချီလီလက်ရွေးစင် ဆန်းချက်ဇ်သည် အိမ်းမရိတ်စ်တွင် ချန်ပီယံပြိုင်ဘက် မန်စီးတီးနှင့်ပွဲကို ပါဝင်ကစားချင်နေသည်။

သို့သော် ဆန်းချက်ဇ်မပါသည့်ပွဲသုံးပွဲလုံး အနိုင်ကစားထားသည့် အာဆင်နယ်အသင်း၏ နည်းပြ အာစင်ဝင်းဂါးက "အသင်းလူစာရင်းမှာ ဆန်းချက်ဇ်ပြန်ပါဖို့အခွင့်အလမ်းသိပ်နည်းပါသေးတယ်။ ဒါပေမဲ့ သေချာပြောဖို့တော့ စောနေပါသေးတယ်။ ပြေးနေပြီဖြစ်ပေမယ့် အပြည့်အဝ မလေ့ကျင့်နိုင်သေးပါဘူး။

သူကစားချင်တယ်ဆိုတာက ပုံမှန်ဖြစ်လေ့ဖြစ်ထရှိတဲ့ အဖြစ်မျိုးပါ။ ကျွန်တော့်ဆုံးဖြတ်ချက်တွေကို သူလေးစားလိုက်နာပြီး ကျွန်တော်လိုချင် တာလဲ အဲဒါပါပဲ။

ကျွန်တော်တစ်ခုခုဆုံးဖြတ်မှာပါ။ သူကတော့ အမြဲအသင့်ပဲလို့ ပြောပါတယ်"ဟု ပြောသည်။

နွေရာသီအပြောင်းအရွှေ့ကာလအတွင်း ထိပ်တန်းကစားသမားခေါ်ယူနိုင်ခြင်းမရှိခဲ့သော်လည်း ဇန်နဝါရီအပြောင်းအရွှေ့တွင် ကစားသမား ခေါ်ရန် စဉ်းစားနေကြောင်း အာစင်ဝင်းဂါးက ပြောသည်။

Ref; Mirror

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly