ပါကစ္စတန် ဈာပနအခမ်းအနား ပစ်ခတ်မှုတွင် ၈ ဦးသေဆုံးပြီ ၁၅ ဦး ဒဏ်ရာရ

ပါကစ္စတန် ဈာပနအခမ်းအနား ပစ်ခတ်မှုတွင် ၈ ဦးသေဆုံးပြီ ၁၅ ဦး ဒဏ်ရာရ

ပါကစ္စတန်နိုင်ငံ ခီဘာခါတွန်ခါဝါခရိုင်ရှိ ဈာပနအခမ်းအနားတစ်ခုတွင် ပစ်ခတ်မှုတစ်ခုဖြစ်ပွားရာ လူ ၈ ဦးအထိ သေဆုံးကာ ၁၅ ဦး ဒဏ်ရာရခဲ့ကြောင်း မီဒီယာသတင်းများတွင် စက်တင်ဘာ ၁၆ ရက်က ဖော်ပြခဲ့သည်။

ခီဘာခရိုင်၏ ဒါခရိုင်တွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု Dunya News ဌာနက ဖော်ပြခဲ့သည်။

လူအုပ်စု နှစ်စုအကြား မြေယာအငြင်းပွားမှုကြောင့် ပစ်ခတ်မှု ဖြစ်ပွားခဲ့ရကြောင်း ဒေသတွင်း သတင်းများတွင် ဖော်ပြထားသည်။

ထိခိုက်ဒဏ်ရာရသူအားလုံးကို အနီးရှိ ဆေးရုံသို့ ပို့ခဲ့ရပြီး ၁၀ ဦး၏ အခြေအနေ စိုးရိမ်ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly