တရုတ်မှ ရောက်လာသည့် COVID-19 ကာကွယ်ဆေးထိုးမှတ်တမ်းကတ်ပြားအတုများ အမေရိကန် သိမ်းဆည်းရမိ

တရုတ်မှ ရောက်လာသည့် COVID-19 ကာကွယ်ဆေးထိုးမှတ်တမ်းကတ်ပြားအတုများ အမေရိကန် သိမ်းဆည်းရမိ

အမေရိကန်နိုင်ငံ ပစ်ဘာ့ဂ်မြို့မှ အ‌ကောက်ခွန်နှင့် နယ်စပ်ကာကွယ်ရေးဌာန (CBP) အရာရှိများသည် တရုတ်နိုင်ငံကနေ ပို့ဆောင်လိုက်သည့် COVID-19 ကာကွယ်ဆေးထိုးမှတ်တမ်းကတ်ပြားအတု (COVID-19 ရောဂါ ကာကွယ်ဆေးထိုးပြီးကြောင်း ပြသသည့် မှတ်တမ်းကတ်ပြားအတု) များ ပါဝင်သည့် ပို့ကုန်နှစ်ခုကို သိမ်းဆည်းရမိခဲ့သည်။

CBP သည် သြဂုတ်လ ၂၄ ရက်က နိုင်ငံတကာ ပါဆယ်ထုပ် နှစ်ထုပ်အနက် ပထမအထုပ်ကို သိမ်းဆည်းရမိခဲ့သည်။ ကတ်ပြား ၂၀ ပါသည့် ထိုပါဆယ်ထုပ်တွင် “အရည်အသွေး မမှီသည့် အရာ” များ ရှိနေသည်ကို CBP အရာရှိများ စစ်ဆေးတွေ့ရှိခဲ့သည်။

ထို ကတ်ပြားများသည် ပန်ဆယ်ဗေးနီးယားပြည်နယ် ဘီဗာ ကောင်တီမှ လူပုဂ္ဂိုလ်တစ်ဦးထံ ပို့ဆောင်လိုက်သည့် ပစ္စည်းများ ဖြစ်ကြောင်း CBP က ပြောသည်။ ဘယ်သူဘယ်ဝါ ဖြစ်ကြောင်း ထုတ်ဖော်ထားခြင်း ဖြစ်သည့် အဆိုပါ ပုဂ္ဂိုလ်သည် အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဗဟို (CDC) သို့မဟုတ် တရားဝင်ထောက်ခံအတည်ပြုချက်ရ ဆေးဘက်ဆိုင်ရာ လုပ်ငန်းတစ်ခု တို့မှ ပုဂ္ဂိုလ်မဟုတ်ကြောင်း CBP က ပြောသည်။

ထို့ပြင် CBP တာဝန်ရှိသူများသည် စက်တင်ဘာ ၇ ရက်က အဆိုပါ တူညီသော ပုဂ္ဂိုလ်ထံ ဦးတည် ပို့ဆောင်သည့် ကာကွယ်ဆေးထိုးမှတ်တမ်းကတ်ပြားများ ပါသည့် ဒုတိယမြောက် ပို့ကုန်တစ်ခုကို ကြားဖြတ်ဟန့်တား သိမ်းဆည်းနိုင်ခဲ့သည်။ ထိုပါဆယ်ထုပ်တွင်လည်း COVID-19 ကာကွယ်ဆေးထိုးမှတ်တမ်းကတ်ပြားအတု ၅၀ ပါဝင်သည်။

အဆိုပါ နိုင်ငံတကာ ပါဆယ်ချောထုပ်နှစ်ခုစလုံးသည် တရုတ်နိုင်ငံကနေ တင်ပို့လိုက်သည့် ပစ္စည်းများ ဖြစ်ကြောင်း CBP က ပြောသည်။

“ကိုရိုနာဗိုင်းရပ်စ်နဲ့ ယင်းရဲ့ မျိုးကွဲတွေဟာ အမေရိကန်နိုင်ငံသားတွေအတွက် ကြီးလေးတဲ့ ကျန်းမာရေးနဲ့ ဘေးကင်းမှုဆိုင်ရာ ခြိမ်းခြောက်မှုတစ်ခုအဖြစ် ဆက်ရှိနေဆဲပါ၊ အလားတူပဲ အတုလုပ်ထားတဲ့ ကိုဗစ် ကာကွယ်ဆေးထိုးမှတ်တမ်းကတ်ပြားတွေ ဖြန့်ချိရောင်းချတဲ့

မသမာတဲ့ ပစ္စည်းရောင်းသမားတွေဟာလည်း အမေရိကန်နိုင်ငံသားတွေအတွက် ကြီးလေးတဲ့ ကျန်းမာရေးနဲ့ လုံခြုံမှုဆိုင်ရာ ခြိမ်းခြောက်မှုတစ်ခုအဖြစ် ရှိနေပါတယ်” ဟု ပစ်ဘာ့ဂ်မြို့မှ CBP ၏ ဆိပ်ကမ်းညွှန်ကြားရေးမှူး ဝီလီယံ ဖစ်တင်က ထုတ်ပြန်ပြောဆိုသည်။ “ဒီလိုမျိုး ကျွန်တော်တို့ရဲ့ နိုင်ငံ၊ ကျွန်တော်တို့ရဲ့ ပြည်သူတွေနဲ့ ကျွန်တော်တို့ရဲ့ စီးပွားရေးအပေါ် ခြိမ်းခြောက်နေတဲ့ ဒီလို ကာကွယ်ဆေးထိုးမှတ်တမ်းကတ်ပြားအတုတွေလိုမျိုး ကုန်ပစ္စည်း အတုတွေကို ဟန့်တားနိုင်ဖို့ အကောက်ခွန်နဲ့ နယ်စပ်လုံခြုံရေး တာဝန်ရှိသူတွေဘက်က ဆက်လက်လုပ်ဆောင်သွားမှာပါ” ဟုလည်း ၎င်းက ပြောသည်။

နောက်ထပ် အသေးစိတ်အချက်အလက်များကို ထုတ်ဖော်ခဲ့ခြင်းမရှိဘဲ စုံစမ်းစစ်ဆေးမှုတစ်ရပ် လုပ်ဆောင်နေဆဲဖြစ်သည်။

လက်ရှိအချိန်အထိ ချီကာဂို၊ မမ်းဖစ်၊ အန်ကာရေ့ချ်၊ အလက်စကာ တို့ရှိ တာဝန်ရှိသူများသည် COVID-19 ကာကွယ်ဆေးထိုးမှတ်တမ်းကတ်ပြားအတု ၆,၀၀၀ ကျော်ကို သိမ်းဆည်းရမိထားသည်ဟု CBP က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly