ပါကစ္စတန် ပန်ဂျပ်ဘ်ပြည်နယ်၌ ဂျုံမှုန့် စျေးနှုန်းများ မြင့်တက်နိုင်

ပါကစ္စတန် ပန်ဂျပ်ဘ်ပြည်နယ်၌ ဂျုံမှုန့် စျေးနှုန်းများ မြင့်တက်နိုင်

ပါကစ္စတန်နိုင်ငံတွင် ဂျုံမှုန့် စျေးနှုန်းသည် လက်ရှိ အစိုးရစျေးနှုန်းဖြစ်သည့် ၂၀ ကီလိုလျင် ရူပီး ၈၆၀ ကနေ ရူပီး ၁,၁၀၀ အထိ မယုံနိုင်ဖွယ်ကောင်းစွာ ၂၂ ဒသမ ၇၃ ရာခိုင်နှုန်းဖြင့် မြင့်တက်သွားရန် ရှိနေစဥ် လာမည့် ရက်များအတွင်း အိမ်ထောင်စုများအနေဖြင့် အကျပ်အတည်းဒုက္ခဖြင့် တွေ့ကြုံရနိုင်ကြောင်း မီဒီယာသတင်းများက ဖော်ပြသည်။

သို့ရာတွင် အဆိုပါ ဂျုံမှုန့်စျေးနှုန်းသစ်သည် ပြီးခဲ့သည့် သီတင်းပတ်ခြောက်ပတ်အတွင်း ဂျုံစျေးနှုန်းပိုင်း ထူးကဲစွာ မြင့်တက်ခဲ့မှုကြောင့် ၂၀ ကီလိုဂရမ်လျင် ရူပီး ၁,၂၃၀ အထိ ရောက်ရှိထားသည့် လက်ရှိ စျေးကွက်ပေါက်စျေးအောက် ၁၀ ဒသမ ၅၇ ရာခိုင်နှုန်း လျော့နည်းမည် ဖြစ်သည်။ ဂျုံစျေးနှုန်းက ၄၀ ကီလိုဂရမ်လျင် ရူပီး ၂,၂၀၀ နှုန်းအထိ ရောက်ထားခဲ့သည်ဟု Dawn news က ဖော်ပြသည်။

သို့သော် အကယ်၍ ယခုနောက်ဆုံး အစိုးရစျေးနှုန်းက လိုက်နာလုပ်ဆောင်ရမည့် အရာတစ်ခု ဖြစ်မည် ဆိုပါက ၂၀ ကီလိုဂရမ် တစ်အိတ်လျင် စျေးနှုန်းတိုးမြင့််မှုက ရူပီး ၂၄၀ ဖြစ်မည်ဖြစ်သည်။ ယမန်နှစ်က ပန်ဂျပ်ဘ်ပြည်နယ်တွင် ဖြန့်ချိစျေးနှုန်းက ၄၀ ကီလိုဂရမ်လျင် ရူပီး ၁,၄၇၅ နှုန်း ဖြစ်ခဲ့သလို တစ်အိတ်လျင် ရူပီး ၁၀၅ နှုန်းဖြင့် ကြိတ်ခ တန်ဖိုးများ ပေါင်းထည့်ပြီးနောက် ၂၀ ကီလိုဂရမ်တစ်အိတ်လျင် ရူပီး ၈၆၀ နှုန်းဖြင့် ရောင်းချခွင့် ဂျုံစက်ပိုင်ရှင်များကို ခွင့်ပြုပေးထားခဲ့သည်။ အသစ်ကြေညာခဲ့သည့် ၄၀ ကီလိုဂရမ်လျင် ရူပီး ၁,၉၅၀ စျေးနှုန်းသည် စျေးနှုန်းသစ်များဖြင့် ထင်ဟပ်ဖြစ်ပေါ်စေရန် သေချာနေပြီး စျေးနှုန်းသစ်များမှာ ဂျုံအဖိုးအခ ၉၇၅ ရူပီး ၊ ကြိတ်ခ ၁၀၅ ရူပီး ၊ သယ်ယူပို့ဆောင်မှု အဖိုးအခနှင့် အမြတ်နှုန်း ရူပီး ၂၀ နှင့် ၄၀ ကီလိုဂရမ်လျင် စျေးကွက်ပေါက်စျေး ရူပီး ၁,၁၀၀ ခန့်တို့ ဖြစ်ကြောင်း သတင်းစာက ဖော်ပြသည်။

“ပန်ဂျပ်ဘ် ပြည်နယ်မှာ စက်တင်ဘာ ၁၅ ရက်က ဝန်ကြီးချုပ်ရဲ့ အထူးလက်ထောက် ဂျက်ရှိတ်ဒ် အစ်ခ်ဘယ် ချီးမား အရိပ်အမြွက် ပြောထားတဲ့ အလားတူ စျေးနှုန်းအတိုင်း ထောက်ခံအကြံပြုထားပါတယ်” ဟု ပြည်နယ် အစားအသောက်ဌာန အရာရှိတစ်ဦးက Dawn News ကို ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly