အင်ဒိုနီးရှားနဲ့ တူရကီ နိုင်ငံခြား‌ရေးဝန်ကြီးတွေ တွေ့ဆုံစဉ် မြန်မာ့အရေး ဆွေးနွေး

အင်ဒိုနီးရှားနဲ့ တူရကီ နိုင်ငံခြား‌ရေးဝန်ကြီးတွေ တွေ့ဆုံစဉ် မြန်မာ့အရေး ဆွေးနွေး

စက်တင်ဘာ ၂၁

အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရတ်နို မာဆူဒီ နဲ့ တူရကီ နိုင်ငံခြားရေးဝန်ကြီး မီလွတ် ကာဗူဆိုလူ တို့ တွေ့ဆုံခဲ့ကြတဲ့ အစည်းအဝေးတစ်ခုအတွင်း မြန်မာနဲ့ အာဖဂန်နစ္စတန် နိုင်ငံ အရေးကိစ္စတွေကို ထည့်သွင်းဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

အဆိုပါ တွေ့ဆုံမှုကိုတော့ စက်တင်ဘာ ၁၉ ရက်က အမေရိကန်နိုင်ငံ နယူးယော့ခ်မှာ ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ ၇၆ ကြိမ်မြောက် အစည်းအ‌ဝေးရဲ့ ဘေးပန်းပြင်ပမှာ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

အင်ဒိုနီးရှားနဲ့ တူရကီ တို့ရဲ့ နိုင်ငံခြား‌ရေးဝန်ကြီးတွေအကြား တွေ့ဆုံစဉ် မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ထည့်သွင်း ဆွေးနွေးခဲ့ကြရာမှာ မြန်မာနိုင်ငံရဲ့ အကျပ်အတည်း ဖြေရှင်းရေးအတွက် အင်ဒိုနီးရှားအနေနဲ့ တက်ကြွတဲ့ အခန်းကဏ္ဍတစ်ခုကနေ လုပ်ဆောင်မှုအပေါ် တူရကီဘက်က ထောက်ခံအားပေးသလို ကျေးဇူးလည်း တင်ကြောင်း တူရကီနိုင်ငံခြားရေးဝန်ကြီး ကာဗူဆိုလူက ပြောခဲ့ပါတယ်။

“COVID-19 ကပ်ရောဂါကာလအတွင်း လူသားချင်းစာနာမှု အကျပ်အတည်း ပိုမို ဆိုးရွားလာမှုက ဝန်ကြီးနှစ်ဦးအတွက် အဓိက အလေးပေး ဆွေးနွေးစရာတွေ ဖြစ်လာခဲ့ပါတယ်၊ မြန်မာနိုင်ငံက နိုင်ငံသားတွေကို ကယ်တင်ဖို့အလို့ငှာ လူသားချင်းစာနာထောက်ထားမှု အကူအညီ ဖန်တီးထောက်ပံ့မှုကို အားပေးပံ့ပိုးပြီး တိုးမြှင့် လုပ်ဆောင်သင့်ပါတယ်” ဟု အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သွားခဲ့သည်။

အလားတူ အင်ဒိုနီးရှားနဲ့ တူရကီ တို့ရဲ့ နိုင်ငံခြား‌ရေးဝန်ကြီးတွေဟာ အာဖဂန်နစ္စတန် အရေးကိုလည်း ဆွေးနွေးခဲ့ပြီး ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် အာဖဂန်နစ္စတန်မှာ အထောက်အကူဖြစ်စေမယ့် တိုးတက်မှုတွေ အသေအချာ ရရှိဖြစ်ထွန်းစေဖို့အတွက် နိုင်ငံတကာ အသိုင်းအဝိုင်းက ပူးပေါင်းဆောင်ရွက်ဖို့ အရေးကြီးကြောင်း ဝန်ကြီးနှစ်ဦးအကြား သဘောတူခဲ့တယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly