RCSS နှင့် SSPP တိုက်ပွဲ ၇ ရက်အတွင်း တိုက်ပွဲရှောင် ၃ထောင်ခန့်အထိ ရှိလာ

RCSS နှင့် SSPP တိုက်ပွဲ ၇ ရက်အတွင်း တိုက်ပွဲရှောင် ၃ထောင်ခန့်အထိ ရှိလာ

စက်တင်ဘာ ၂၁

မိုင်းကိုင်မြို့နယ်တွင် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) နှင့်သျှမ်းပြည်တိုးတက်ရေးပါတီ (SSPP) တို့၏ တိုက်ပွဲများကြောင့် သီတင်းပတ် တစ်ပတ်အတွင်းမှာပင် တိုက်ပွဲရှောင်သုံးထောင်ခန့်အထိ ရှိလာပြီဖြစ်သည်။

စက်တင်ဘာ ၁၄ ရက်မှ စတင်ကာ ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းကိုင်မြို့နယ် ဟိုခဲကျေးရွာအုပ်စုအတွင်း၌ RCSS နှင့် SSPP တပ်ဖွဲ့တို့အကြား တိုက်ပွဲပြင်း ထန်စွာ ဖြစ်ပွားခဲ့ရာ ဒေသခံများသည် ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရ သည်။

ယမန်နေ့နေ့လယ်ပိုင်းကလည်း ဟိုခဲကျေးရွာအုပ်စုမှ စစ်ရှောင်ဒေသခံများ စီးနင်းလိုက်ပါလာသည့် ထော်လာဂျီသည် မိုးရွာသွန်းမှုကြောင့် ပင်ကေတု ကျေးရွာအုပ်စု ကုန်းလှိုင်းအနီးတွင် လမ်းချော်၍ တိမ်းမှောက်ခဲ့ရာ ဒဏ်ရာရသူ အချို့ ရှိခဲ့သည်။

တစ်ပတ်အတွင်း RCSS နှင့် SSPP တို့ တိုက်ပွဲကြောင့် နောင်လျဲန်ရွာတွင် တိုက် ပွဲရှောင် ၂,၂၀၀ ကျော်၊ မတ်ချိနုတ်ရွာတွင် ၇၀၀ ကျော်နှင့် လုံစံကျောင်း တွင် ၃၀ ကျော် ရောက်ရှိ ခိုလှုံနေကြကြောင်း သိရသည်။

တိုက်ပွဲရှောင်များအတွက် လတ်တလောတွင် အစားအသောက်၊ ဆေးဝါး၊ မိုးကာ၊ စောင်နှင့် အခင်းများ လိုအပ်နေကြောင်း ကူညီပေးနေသူများက ပြော သည်။

Photo-TNP (မိုင်းကိုင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required