ဥရောပက အင်ဒို-ပစိဖိတ်ဒေသနှင့် ဆက်ဆံရေးခိုင်စေရေး ကြိုးပမ်းနေ

ဥရောပက အင်ဒို-ပစိဖိတ်ဒေသနှင့် ဆက်ဆံရေးခိုင်စေရေး ကြိုးပမ်းနေ

တရုတ်၏ ရန်လိုမှုများမြင့်တက်လာမှုနှင့် အာဖဂန်နစ္စတန်၏ လတ်တလော အခြေအနေများကြားတွင် ဥရောပ သမဂ္ဂက ဂျပန်၊ တောင်ကိုရီးယား၊ စင်္ကာပူတို့နှင့် ဒစ်ဂျစ်တယ်မိတ်ဖက်အသစ်အဖြစ်ပူးပေါင်းလုပ်ကိုင်ရန် နှင့် ထိုင်ဝမ်နှင့် ပိုမိုနီးကပ်သော ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆက်ဆံရေး ပြုလုပ်ရန်ကြိုးပမ်းနေသည်။

အာဖဂန်နစ္စတန်မှ အမေရိကန်နှင့် နေတိုးစစ်တပ်များ ထွက်ခွာပြီးနောက် အာရှတွင် သြဇာတည်ဆောက်ရန် ဥရောပသမဂ္ဂက ရည်ရွယ်နေကြောင်း Nikkei Asia သတင်းစာက ဖော်ပြသည်။

ကိုဗစ်ကပ်ရောဂါကြောင့် စက်မှုထောက်ပံ့ရေးကွင်းဆက်အားနည်းချက်များနှင့် ပတ်သက်၍ စိုးရိမ်သောကြောင့် ဥရောပသမဂ္ဂသည် တစ်ပိုင်းလျှပ်ကူးပစ္စည်းများထုတ်လုပ်သော တန်ဖိုးကွင်းဆက်များကို အာရှမိတ်ဖက်များဖြင့် အားဖြည့်ရန် ကြိုးပမ်းလိမ့်မည်ဖြစ်သည်ဟု မဟာဗျူဟာ မူကြမ်းတစ်စောင်တွင် ဖော်ပြထားသည်။

၂၀၂၁ခုနှစ်အစောပိုင်းတွင် ဥရောပသမဂ္ဂသည် ယင်း၏ ကိုယ်ပိုင် အင်ဒို-ပစိဖိတ် မဟာဗျူဟာမူဝါဒစာတမ်းကို ထုတ်ဝေခဲ့ပြီး မကြုံစဖူးသော ယခုကြေညာချက်ကြောင့် တရုတ်နှင့် ဥရောပသမဂ္ဂအကြား ထိပ်တိုက်တွေ့နိုင် သည်ဟု ကျွမ်းကျင်သူများက ဆိုသည်။

“ ဒေသတွင်း ဒီမိုကရေစီ အခြေခံမူများနှင့် လူ့အခွင့်အရေးများသည် အာဏာရှင်အစိုးရများကြောင့် ခြိမ်းခြောက်ခံနေရပြီး ဒေသတွင်းတည်ငြိမ်မှုကို အန္တရာယ်ဖြစ်စေသည်” ဟု Nikkei Asia သတင်းစာက တွေ့မြင်ခဲ့သည့် စာရွက်စာတမ်းများတွင် ဖော်ပြထားကြောင်း ဆိုသည်။

“ အလားတူပင် ပွင့်လင်းသောကုန်သွယ်ရေးစည်းမျဉ်းများကို အခြေခံ၍ ကမ္ဘာလုံးဆိုင်ရာအဆင့် ယှဉ်ပြိုင်ရန် ကြိုးပမ်းမှုများသည် မညီမျှသည့် ကုန်သွယ်ရေးစနစ်များနှင့် စီးပွားရေးအကျပ်ကိုင်မှု များကြောင့် ပို၍ အားနည်းလာနေသည်။ ယင်းအခြေအနေများက ကုန်သွယ်ရေး၊ ထောက်ပံ့ရေးနှင့် တန်ဖိုးကွင်းဆက်များတွင် တင်းမာမှုများကိုမြင့်တက်စေသည်”

ဥရောပသမဂ္ဂသည် ဂျပန်၊ တောင်ကိုရီးယား၊ စင်္ကာပူတို့နှင့် ဒစ်ဂျစ်တယ် မိတ်ဖက် သဘော တူညီချက်များ ရှာဖွေရန် အဆိုပြုထားသည်ဟု Nikkei Asia က ဆိုသည်။

“ ဉာဏ်ရည်တုကဲ့သို့သော နောက်ဆုံးပေါ်နည်းပညာများတွင် အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရေး စံနှုန်းများနှင့် ပူးပေါင်းမှုကိုမြှင့်တင်နိုင်လိမ့်မည်” ဟုလည်း ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly