သုတေသနနှင့် အချက်အလက်စင်တာလုပ်ငန်း ဟန်ဆောင်လုပ်ကိုင်နေသည့် ဒစ်ဂျစ်တယ်ငွေကြေးဖန်တီးမှုကို တရုတ်က ဖိနှိပ်

သုတေသနနှင့် အချက်အလက်စင်တာလုပ်ငန်း ဟန်ဆောင်လုပ်ကိုင်နေသည့် ဒစ်ဂျစ်တယ်ငွေကြေးဖန်တီးမှုကို တရုတ်က ဖိနှိပ်

သုတေသနနှင့် အချက်အလက်စင်တာလုပ်ငန်းများကဲ့သို့ ဟန်ဆောင်လုပ်ကိုင်နေသည့် တရားမဝင် ဒစ်ဂျစ်တယ် ငွေကြေး (Cryptocurrency) ဖန်တီး သူများအား ဖိနှိပ်ရန် တရုတ်က အရှိန်မြှင့်လုပ်ဆောင်နေကြောင်း အစီရင်ခံစာသစ်တစ်ခုက ဖော်ပြခဲ့သည်။

ပြည်နယ်အများအပြားရှိ အာဏာပိုင်များသည် ကောလိပ်များ၊ သုတေသနဓာတ်ခွဲခန်းများ၊ ဒေတာ စင်တာ များနှင့် Cryptocurrency ဖန်တီးမှုကို ဖုန်းကွယ်နိုင်သည့် အခြားအလားအလာရှိသော နေရာများအား ပိုမိုပြင်းထန်သော စစ်ဆေးမှုများပြုလုပ်ခဲ့သည်ဟု Bloomberg က စက်တင်ဘာ ၁၅ရက်တွင် ဖော်ပြခဲ့ သည်။

ကာဗွန်ထုတ်လွှတ်မှုကိုလျှော့ချရန် ကြိုးပမ်းသည့်အနေဖြင့် Cryptocurrency ကို တရုတ်အစိုးရက ဆက်လက် နှိမ်နင်းနေသည်။

ချမ်းအေးသည့် ဆောင်းရာသီမတိုင်မီ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးမှုများနှင့် ပတ်သက်၍ အာဏာပိုင်များ၏ စိုးရိမ်မှုများကြောင့်လည်း ဖိနှိပ်မှုများ မြင့်တက်လာခြင်းဖြစ်သည်။

တရုတ် Cryptocurrency ငွေကြေးဖန်တီးသူ သူဌေးကြီး အချို့သည် လျှပ်စစ်ဓာတ်အားဈေးပေါပြီး ပိုမိုကောင်းမွန်သော ဥပဒေများရှိသည့် ကာဇက်စတန်၊ ကနေဒါ၊ တက္ကဆက်ပြည်နယ်နှင့် အခြားဒေသများသို့ ထွက်ခွာသွားကြသည်။

Cryptocurrency ငွေကြေးသုံးစွဲသည့် အခြား သူများသည် လိမ်လည်မှုနှင့် ငွေကြေးခဝါချမှု စွဲချက်များဖြင့် စွဲချက်တင်ခံနေရသည်။

သို့သော် တရုတ်တွင်ကျန်ရှိနေသေးသည့် အဆိုပါ ငွေကြေးကို ဖန်တီးသူများသည် အာဏာပိုင်များကို ရှောင်တိမ်း ရာတွင် ပိုမိုကျွမ်းကျင်လာသည်ဟု Bloomberg က ဆိုသည်။

အမည်မဖော်လိုသူ Cryptocurrency ငွေကြေးဖန်တီးသူတစ်ဦးက အာဏာပိုင်များခြေရာခံရှာဖွေမှု ပိုမိုခက်ခဲစေရန် နေရာများကို ပုံမှန်ရွေ့ပြောင်းနေရသည်ဟု ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly