ဘာသာစကားဆိုင်ရာအခွင့်အရေး တောင်းဆိုမှုကြောင့် အဖမ်းခံထားရသော တိဘက်လူမျိုးများအတွက် လိုအပ်သော အစားအစာနှင့် ဆေးဝါးကုသမှုများ ငြင်းပယ်ခံရ

By RFA
21 September 2021
ဘာသာစကားဆိုင်ရာအခွင့်အရေး တောင်းဆိုမှုကြောင့် အဖမ်းခံထားရသော တိဘက်လူမျိုးများအတွက် လိုအပ်သော အစားအစာနှင့် ဆေးဝါးကုသမှုများ ငြင်းပယ်ခံရ

တရုတ်နိုင်ငံ၊ စီချွမ်းပြည်နယ် ကက်ဂ်ဇီ စီရင်စုတွင် သြဂုတ်လကတည်းက တရုတ်ရဲများ၏ ဖမ်းဆီးခြင်း ခံထားရသော တိဘက် လူမျိုးတစ်ရာကျော်အတွက် သင့်တော်သောအစားအစာ၊ အဝတ်အစားနှင့် ကျန်းမာရေး စောင့်ရှောက်မှုကို ငြင်းပယ်ခံရသောကြောင့် အများအပြားသည် ကျန်းမာရေးချို့တဲ့နေကြောင်း တိဘက်လူမျိုး သတင်းရင်းမြစ်များက ဆိုသည်။

ရှီချီခရိုင်ရှိ ဒီဇာဝင်ပိုမြို့နယ်တွင် အနည်းဆုံး လူ ၁၂၁ ဦး ကို အာဏာပိုင်များက ဘာသာစကား အခွင့်အရေး များနှင့် တားမြစ်ထားသော တိဘက်ဘာသာရေး ခေါင်းဆောင်ဘုန်းတော်ကြီးဒလိုင်းလားမား၏ ပုံများအား လက်ဝယ် ထားရှိမှုဖြင့် ပြီးခဲ့သည့် သီတင်းပတ် ၃ပတ်အတွင်း ဖမ်းဆီးခဲ့သည်။

အများစုမှာ တိဘက်ဘာသာစကားအသုံးပြုရေးကိုမြှင့်တင်သောဒေသခံအသင်းအဖွဲ့တစ်ခုမှ ဖြစ်သည်။ ယခုအခါ ဒေသခံ စာသင်ကျောင်းများ၏ စာသင်ခန်းများတွင် တရုတ်ဘာသာစကားဖြင့်သာ သင်ကြားရန် တရုတ် အစိုးရက အမိန့်ထုတ်ပြန်ထားသည်ဟု ရင်းမြစ်များကို ကိုးကားပြီး အဝေးရောက်တိဘက်တစ်ဦး က RFA ကို ပြောသည်။

“ တိဘက်ဘာသာစကားထိန်းသိမ်းရေးကို ဦးတည်လုပ်ဆောင်နေတဲ့ အဖွဲ့တွေအများကြီးရှိနေပေမယ့် တရုတ် အာဏာပိုင်တွေက ဒီအသင်းတွေထဲက တိဘက်ဘာသာစကား ထိန်းသိမ်းစောင့်ရှောက်ရေးအသင်းလို့ ခေါ်တဲ့ အသင်းတစ်သင်းကို အဓိက အာရုံစိုက်နေပါတယ်” ဟု RFA ၏ အမည်မဖော်လိုသော သတင်းရင်းမြစ်က ပြောသည်။

တရုတ်အစိုးရသည် ယခုအခါ တိဘက်လူမျိုးများအား ယင်းတို့၏ ကိုယ်ပိုင်ဘာသာစကားဖြင့် ပညာသင်ကြား ခွင့်ကို သိသိသာသာလျှော့ချနေကြောင်း သတင်းရင်းမြစ်က ဆိုသည်။

“တိဘက်လူမျိုးတွေက ဒီကြိုးပမ်းမှုတွေကို တွန်းလှန်မှာဖြစ်သလို ဘာသာစကားအခွင့်အရေး တက်ကြွလှုပ်ရှားသူတွေကို နှိပ်ကွပ်ဖမ်းဆီးတာကို တွေ့မြင်နေရပါတယ်” ဟု ၎င်းက ပြောကြားသည်။

မကြာသေးမီက ဖမ်းဆီးခံထားသော တိဘက်လူမျိုးများသည် လိုအပ်သောအစားအစာနှင့် အဝတ် အထည်များ ငြင်းပယ်ခံနေရပြီး လူများစွာသည် ကျန်းမာရေးနှင့် မညီညွတ်သောအခြေအနေသို့ ရောက်ရှိနေသည်ဟု သတင်းရင်းမြစ်က ဆိုသည်။

“ သူတို့ကို နေ့တိုင်းစစ်ဆေးမေးမြန်းနေပြီး ထောင်ထဲမှာ နိုင်ငံရေး ပညာပြန်ပေးခံနေရပါတယ်” ဟု သူက ဆိုသည်။

“ အဖမ်းခံထားရတဲ့သူတွေထဲက ကာဒိုဆိုတဲ့ အမျိုးသမီးတစ်ဦးက ပြည်ပရောက်တိဘက်တွေဆီကို ဆက်သွယ်တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ အဖမ်းခံရပြီးနောက် ရုတ်တရက်နာမကျန်းဖြစ်ချိန်မှာ ဆေးကုသခွင့်ကို ငြင်းပယ်ခံခဲ့ရပါတယ်” ဟု သူက ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly