'အနာဂတ်အကြောင်းနဲ့ ပတ်သက်ပြီး ဘာမှ ထပ်မပြောလိုတော့ဘူး။' - ကိုးမန်း

'အနာဂတ်အကြောင်းနဲ့ ပတ်သက်ပြီး ဘာမှ ထပ်မပြောလိုတော့ဘူး။' - ကိုးမန်း
Photo: EPA

ဂရန်နာဒါအသင်းနဲ့ ၁-၁ ဂိုးနဲ့ သရေကျပြီးတဲ့နောက် ဘာစီလိုနာအသင်းနည်းပြ ရော်နယ်လ် ကိုးမန်းက သူ့အနာဂတ်အကြောင်းနဲ့ ပတ်သက်ပြီး ဘာမှ ထပ်မပြောလိုတော့ဘူးလို့ ဆိုပါတယ်။

နားပြ ကိုးမန်းက လူငယ်ကစားသမားတွေကို ပွဲထုတ်ခဲ့တယ်ဆိုပေမယ့် ဒီပိုင်း၊ ဒီယွန်း၊ ကော်တင်ဟို၊ ဘူးစကွက်စ်တို့ ပါဝင်ခဲ့ပြီး ပြိုင်ဘက်ကို အသာစီးယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ပွဲအစ နှစ်မိနစ်မပြည့်ခင်မှာပဲ ဂရန်နာဒါရဲ့ နောက်ခံလူ ဒူရာတေက ဦးဆောင်ဂိုး သွင်းယူခဲ့တာကြောင့် ဘာစီလိုနာတို့ နောက်ကလိုက်ကစားခဲ့ရပါတယ်။

ပွဲချိန် ၉၀ မိနစ်အရောက်မှာတော့ အသင်းအတွက် လိုအပ်နေတဲ့ နောက်ကျချေပဂိုးကို အာရူဟိုက ခေါင်းတိုက်သွင်းယူနိုင်ခဲ့ပြီးနောက် နယ်သာလန်နည်းပြက "ဒီနေ့ ဘာကာဟာ လွန်ခဲ့တဲ့ ရှစ်နှစ်က ဘာကာ မဟုတ်တော့ပါဘူး။ ဘာကာပုံစံအတိုင်း ကျနော်တို့ ကစားခဲ့တာပါပဲ။"လို့ ဝန်ခံခဲ့ပါတယ်။

အသင်းရဲ့ ရှေ့ဆက်မယ့် သူ့ရဲ့ အခန်းကဏ္ဍာနဲ့ ပတ်သက်ပြီး မေးတဲ့ အခါမှာ ကိုးမန်းက "ကျနော့် အနာဂတ်အကြောင်း ဆက်မပြောတော့ဘူး"လို့ ပြန်ဖြေခဲ့ပါတယ်။

အိမ်ကွင်းမှာ သရေရလဒ်သာ ယူနိုင်ခဲ့တဲ့ ဘာစီလိုနာဟာ လေးပွဲ ကစားအပြီးမှာ ရမှတ် ၈ မှတ်နဲ့ အဆင့် ၇ နေရာမှာ ရပ်တည်နေခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly