မြဝတီမြို့ ဗုံးပေါက်ကွဲမှုတွင် သေဆုံးသူရှိ ၊ ၂ ဦးထိခိုက်ဒဏ်ရာရ

မြဝတီမြို့ ဗုံးပေါက်ကွဲမှုတွင် သေဆုံးသူရှိ ၊ ၂ ဦးထိခိုက်ဒဏ်ရာရ
photo-pkpf

စက်တင်ဘာ ၂၀

ကရင်ပြည်နယ်၊ မြဝတီမြို့ ၊ အမှတ် (၄) ရပ်ကွက် ၊ အောင်မြင်ရွှေဘုံ (၂)လမ်းတွင် ယနေ့ စက်တင်ဘာ ၂၀ ရက် ည ၇ နာရီကျော်ခန့်က ဗုံးပေါက်ကွဲမှုဖြစ်ပွားရာ အမျိုးသား တစ်ဦးသေဆုံးပြီး နှစ်ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း ကနဦးသတင်းများ အရ သိရသည်။

" ပေါက်ကွဲမှုဖြစ်တာ စမ်းသပ်ရင်း ပေါက်ကွဲတာလို့ သိရတယ်။ အိမ်မှာပဲ ပေါက်ကွဲမှုဖြစ်ခဲ့တာ။ လောလောဆယ် ဘယ်သူတွေလည်းဆိုတာ သေချာတော့မသိသေးဘူး။ တစ်ဦးကတော့ အခင်းဖြစ်တဲ့နေရာမှပဲ သေသွားတယ် " ဟု မြို့ခံတစ်ဦးက မဇ္ဈိမသတင်းဌာနကို ပြောသည်။

ပေါက်ကွဲမှုဖြစ်စဉ်ကြောင့် အသက် ၃၀ အရွယ်ခန့် အမျိုးသား တစ်ဦး သေဆုံးပြီး ကျန်အမျိုးသား နှစ်ဦးကို မြဝတီဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း ဒေသခံများက ဆိုသည်။

"BGF နဲ့ စစ်‌ကောင်စီတပ်က လူတွေ လာကြတယ်။ သူတို့ပဲ ဆေးရုံကို တင်လိုက်တာ " ဟု မြို့ခံကဆိုသည်။

လက်ရှိအချိန်တွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ၎င်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများက မြို့တွင်း လုံခြုံရေးတင်းကျပ် လျက်ရှိသည်။

မြဝတီမြို့တွင် ညမထွက်ရအမိန့်ကို ည ၈နာရီမှ နံနက် ၄ နာရီအချိန်ထိ ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly