မော်တော်ကားနှင့် အထောက်အကူပေးရေးကဏ္ဍများအတွက် အိန္ဒိယအစိုးရက ရူပီး ၂၆၀၅၈ ကုဋေ ခွင့်ပြု

မော်တော်ကားနှင့် အထောက်အကူပေးရေးကဏ္ဍများအတွက် အိန္ဒိယအစိုးရက ရူပီး ၂၆၀၅၈ ကုဋေ ခွင့်ပြု

မော်တော်ကားနှင့် အထောက်အကူပေးရေးကဏ္ဍများအတွက် ထုတ်လုပ်မှုများအပေါ် မက်လုံးပေးရေး (PLI) အစီအစဉ် များအတွက် အိန္ဒိယအစိုးရက ရူပီး ၂၆၀၅၈ ကုဋေ ခွင့်ပြုလိုက်ခြင်းသည် အိန္ဒိယအစိုးရအနေဖြင့် သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုမဖြစ်စေသည့် သွားလာရေးကဏ္ဍနှင့် ဒရုန်း ထုတ်လုပ်ရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်ခြင်း ဖြစ်သည်။

မော်တော်ကားကဏ္ဍတွင် ၅ နှစ်သက်တမ်းပေးသည့် အကူအညီများသည် ပတ်ဝန်းကျင်ကို ညစ်ညမ်းမှု မဖြစ်စေသော လျှပ်စစ်နှင့် ဟိုက်ဒရိုဂျင်လောင်စာ ဘက်ထရီယာဉ်များ ထုတ်လုပ်ရေးတွင် ရင်းနှီးမြှုပ်နှံမှု ရူပီး ၄၂၅၀၀ အထိ ရရှိလာစေရန် ရည်ရွယ်ထားသည်။

ယင်းအစီအစဉ်မှ ထုတ်လုပ်မှုတန်ဖိုး ရူပီး ကုဋေပေါင်း ၂ ဒသမ ၃ သိန်းနှင့် အလုပ်အကိုင်ပေါင်း ၇၆၀၀၀၀ အထိ ရရှိစေရန် အစိုးရက မျှော်လင့်ထားသည်။

ဒရုန်း ထုတ်လုပ်မှုဆိုင်ရာ မက်လုံးပေးရေး အစီအစဉ် များကို ၃ နှစ်အထိလုပ်ဆောင်ပြီး ရူပီး ကုဋေ ၁၂၀ ကို သုံးစွဲကာ ရင်းနှီးမြှုပ်နှံမှုပမာဏ ရူပီး ၅၀၀၀ ကုဋေရရှိရန် မျှော်လင့်ထားသလို အဆိုပါကာလအတွင်း ဝင်ငွေ ရူပီး ၁၅၀၀ ကုဋေနှင့် အလုပ်အကိုင်သစ်ပေါင်း ၁၀၀၀၀ အထိ ရရှိလာရန် မျှော်မှန်းထားသည်။ ဒရုန်းထုတ်လုပ်ရေး လုပ်ငန်းကို အားပေးသည့်အနေဖြင့် အစိုးရက မကြာသေးမီက မူဝါဒတစ်ရပ်ကိုလည်း ထုတ်ပြန်ထားခဲ့သည်။

စွမ်းဆောင်ရည်ကောင်းသော လုပ်ငန်းများ ဖန်တီးရေး

အဆိုပါ မက်လုံးများကို လက်ရှိ မော်တော်ကားကုမ္ပဏီများအပြင် ရင်းနှီးမြှုပ်နှံသူ အသစ်များလည်း ရရှိနိုင်မည် ဖြစ်သည်။ ဓာတ်ဆီ၊ ဒီဇယ်၊ ဓာတ်ငွေ့ရည်နှင့် အီသနောအပါအဝင် သမားရိုးကျ အတွင်းပိုင်း လောင်းကျွမ်းမှုနည်းပညာ အင်ဂျင်များသုံးထားသည့် ယာဉ်များသည်လည်း ဂေဟနစ်နှင့် ကိုက်ညီသော မော်တော်ယာဉ်ဖြစ်လာမည့် နည်းပညာသစ်များကို အသုံးပြုနိုင်မည်ဖြစ်သည်။

လျှပ်စစ်မော်တော်ယာဉ်ထုတ်လုပ်သည့် ကုမ္ပဏီကြီးတစ်ခုဖြစ်သည့် Tesla သည် အိန္ဒိယတွင် လာရောက် ထုတ်လုပ်ရန် စိတ်ဝင်စားသလို Ola ကုမ္ပဏီကလည်း ၎င်း၏ လျှပ်စစ်စကူတာများကို လာရောက်ရောင်းချခဲ့သည်။ Tata Motors သည် နိုင်ငံတွင်း လျှပ်စစ်ယာဉ်များထုတ်လုပ်သည့် အကြီးဆုံး ကုမ္ပဏီဖြစ်ပြီး Mahindra & Mahindra ကုမ္ပဏီကလည်း ပိုမိုအခြေချလုပ်ကိုင်လာသည်။

မော်တော်ကား ထုတ်လုပ်ရေးလုပ်ငန်းအတွက် မက်လုံးများသည် တရုတ်နိုင်ငံတွင် လုပ်ကိုင်နေသည့် ယာဉ်ထုတ်လုပ်ရေးကုမ္ပဏီများကို စွဲဆောင်နိုင်ရန် မျှော်လင့်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly