တောင်ဆူဒန် ငြိမ်းချမ်းရေး သဘောတူညီချက်တွင်ပါရှိသည့် သတ်မှတ်ချက်များ ပြည့်မီရေး အိန္ဒိယ တိုက်တွန်း အားပေး

တောင်ဆူဒန် ငြိမ်းချမ်းရေး သဘောတူညီချက်တွင်ပါရှိသည့် သတ်မှတ်ချက်များ ပြည့်မီရေး အိန္ဒိယ တိုက်တွန်း အားပေး

ကျန်ရှိနေသေးသည့် ဥပဒေပြုရေးလုပ်ငန်းကို ပိုမို အာရုံစိုက်ရန်နှင့် ပြန်လည်အသက်သွင်းထားသည့် ငြိမ်းချမ်းရေး သဘောတူညီချက်တွင် ပါရှိသည့် သတ်မှတ်ချက်များပြည့်မီရေးအတွက် တောင်ဆူဒန်ရှိ အသွင်ကူးပြောင်းရေးအမျိုးသားဥပဒေပြုလွှတ်တော် (TNLA) နှင့် တောင်ဆူဒန်ပြည် နယ်များကောင်စီ အဖွဲ့ဝင်သစ်များအား (COS) အိန္ဒိယအစိုးရက စက်တင်ဘာ ၁၆ ရက်တွင် တိုက်တွန်း အားပေးခဲ့သည်။

“ တောင်ဆူဒန်ရဲ့ ဒီ ၃လအတွင်းဖြစ်ပေါ်တိုးတက်မှုတွေက ပြန်လည်အသက်သွင်းထားတဲ့ သဘောတူ ညီချက်ကို အကောင်အထည်ဖော်ဖို့ကို တွန်းအားပေးနေပါတယ်” ဟု တောင်ဆူဒန်ရှိ အိန္ဒိယဆိုင်ရာ ကုလသ မဂ္ဂမစ်ရှင် (UNMISS) တွင် ကုလသမဂ္ဂ၏ ဒုတိယအမြဲတမ်းကိုယ်စားလှယ်ဖြစ်သော နိုင်ငံရေးညှိနှိုင်းရေးမှူး အာရာဗင်ဒရာက ပြောကြားခဲ့သည်။

နိုင်ငံရေးအကြမ်းဖက်မှုများလျော့နည်းသွားပြီး ပြန်လည်အသက်သွင်းထားသောသဘောတူညီချက်အပေါ် ပါတီများသည် ယေဘုယျအားဖြင့် လိုက်နာကြသေးသည်။

နိုင်ငံရေးပါတီအသီးသီး၏ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေးက စိတ်ချရသည့် တည်ငြိမ်အေးချမ်းရေးအတွက် မျှော်လင့်ချက် ပေးနေသည်။

ဆူဒန်နှင့် တောင်ဆူဒန်အစိုးရများသည် ၂၀၁၈ ခုနှစ်တွင်ပြန်လည်အသက်သွင်းထားသော ငြိမ်းချမ်းရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ပြီးနောက် တောင်ဆူဒန်ဒုက္ခသည် ၃သိန်းခန့်သည် ချက်ချင်း နေရပ် ပြန်လာခဲ့ကြသလို ပြည်တွင်းရွှေ့ပြောင်း ဒုက္ခသည် ၁သန်းကျော်သည်လည်း နေအိမ်များသို့ ပြန်လာခဲ့ကြသည်။

ထိရောက်သော လုပ်ဆောင်ချက်များအတွက်လည်း ၎င်းက တောင်ဆူဒန်အား ချီးကျုးစကားဆိုခဲ့ပြီး “ တောင်ဆူဒန်သမ္မတနိုင်ငံ၏ သမ္မတနှင့် ဦးဆောင်မှုကဏ္ဍသည် မှတ်သားဖွယ်ဖြစ်ကြောင်းဆိုခဲ့သည်။

အမျိုးသမီးကိုယ်စားလှယ်များစွာပါဝင်သည့် တောင်ဆူဒန်ပြည် နယ်များကောင်စီ အဖွဲ့ဝင်သစ်များ ခန့်အပ်ခြင်း၊ အသွင်ကူးပြောင်းရေးအမျိုးသားဥပဒေပြုလွှတ်တော်ကိုပြန်လည်ဖွဲ့စည်းခြင်း၊ သြဂုတ်လတွင် ၎င်းတို့ ကျမ်းသစ္စာကျိန်ဆိုခြင်း၊ ပထမဆုံးအမျိုးသမီးလွှတ်တော် ဥက္ကဌခန့်အပ်ခြင်းနှင့် နိုင်ငံရေးအရ ခန့်အပ်ခြင်းအသစ်များသည် အမှန်ပင်အပြုသဘော ဆောင်သော လက္ခဏာများဖြစ်သည်။

တောင်ဆူဒန်ခေါင်းဆောင်များနှင့် ပါတီများသည် လာမည့်လများတွင် ယင်းအပြုသဘောဆောင်သည့် တိုးတက်မှုများကို အားကောင်းလာစေရန် လုပ်ဆောင်လိမ့်မည်ဟု မျှော်လင့်ကြောင်း အိန္ဒိယသံတမန်က ထပ်လောင်း ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly