ဆယ်စုနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် သမိုင်းဝင်အတိုးနှုန်းမြှင့်တင်ကြောင်း အမေရိကန်ဗဟိုဘဏ် ကြေညာ

ဆယ်စုနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် သမိုင်းဝင်အတိုးနှုန်းမြှင့်တင်ကြောင်း အမေရိကန်ဗဟိုဘဏ် ကြေညာ

ဝါရှင်တန်၊ ဒီဇင်ဘာ-၁၇ ။           ။ အမေရိကန်စီးပွားရေးမှာ ၂၀၀၇-၂၀၀၉ အကျပ်အတည်း၏ ဒဏ်ရာများကို သိသိသာသာ ကျော်လွှားနိုင်ခဲ့ပြီဖြစ်ကြောင်း ယုံကြည်မှုရဲ သင်္ကေတတစ်ခုအနေနဲ့ ဗဟိုဘဏ်က ဒီဇင်ဘာလ ၁၆ရက်နေ့တွင် ဆယ်စုနှစ်တစ်ခုနီးပါးအတွင်း ပထမဆုံးအကြိမ်အနေနဲ့ အတိုးနှုန်းများကို မြှင့်တင်လိုက်သည်။

အမေရိကန်ပြည်ထောင်စု၏ ပေါ်လစီချမှတ်ရေးကော်မတီက စံအတိုးနှုန်းတာကို ဝ.၂၅ရာခိုင်နှုန်းနဲ့ ဝ.၅ရာခိုင်နှုန်းကြားအထိ ရာခိုင်နှုန်းမှတ်၏ ၄ပုံ၁ပုံ တိုးမြှင့်လိုက်သောကြောင့် စီးပွားရေးမှာ   မြင့်မားသော ချေးငှားစရိတ်များကို ကြံ့ကြံ့ခံနိုင်လောက်အောင် လုံလုံလောက်လောက် ခိုင်မာနေပြီလားဆိုသည်နှင့် ပတ်သက်သည့် ကာလရှည်ငြင်းခုန်မှုများကိုလည်း တစ်ခန်းရပ်သွားစေခဲ့သည်။

‘စီးပွားရေးကို အခြေအနေကောင်းနေပြီး၊ ဆက်ကောင်းဦးမယ်လို့လည်း မျှော်လင့်ရတော့ ကော်မတီလူကြီးတွေက ဗဟိုဘဏ်အတိုးနှုန်းကို အထိုက်အလျောက် မြှင့်တင်လိုက်တာဟာ သင့်တော်ပါတယ်’ ဟု ဗဟိုဘဏ်ဥက္ကဌ ဂျနတ် ယယ်လင်က အတိုးနှုန်းမြှင့်တင်ကြောင်း ဆုံးဖြတ်ချက်ကို ကြေညာအပြီး သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့သည်။ စီးပွားရေးနာလံထမှုဟာ ခရီးအတော်   ရောက်လာပါပြီ ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

ဗဟိုဘဏ်၏ ပေါ်လစီကြေညာချက်ထဲတွင် အလုပ်လက်မဲ့နှုန်းမှာ ၅ရာခိုင်နှုန်းသို့ ကျဆင်းသွားခဲ့သောကြောင့် အလုပ်သမားဈေးကွက်တွင် သိသိသာသာ တိုးတက်လာခဲ့ကြောင်း  ဖော်ပြထားသည့် အပြင် ပေါ်လစီချမှတ်သူများအနေဖြင့် ဖောင်းပွမှုမှာ သက်တမ်းဝက်ကာလတွင် ဗဟိုဘဏ်က မျှော်မှန်းထားသည့် ၂ရာခိုင်နှုန်းအထိ တက်လာလိမ့်မည်ဟုလည်း ယုံကြည်ထားသည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly