စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပူတာအိုသွားမည်

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပူတာအိုသွားမည်

စက်တင်ဘာ ၁၈

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကချင် ပြည်နယ် ပူတာအိုဒေသသို့ မနက်ဖြန်သွားမည်ဟု စစ်ဘက်သတင်း အရင်း အမြစ်များအရသိရသည်။

စစ်ခေါင်းဆောင်သည် တပ်မတော်အထူးလေယာဉ်ဖြင့် သွားရောက်မှာဖြစ်ပြီး ပူတာအိုဒေသမှာ နယ်စပ်ရေးရာဝန်ကြီးဌာန၏ စီမံကိန်း တစ်ခုဖြစ်သည့် ခေါင်လန်ဖူး - မဂွေဇလမ်းပိုင်းကို သွားရောက်မည့် အပြင် စစ်အုပ်စုထပ်သီးပိုင်း အစဉ်အလာမပြတ်ဖူးလေ့ရှိသည့် ကောင်းမှုလုံ ဘုရားကို လည်း သွားရောက်ရန်ရှိသည်ဟု ခိုင်လုံသောသတင်း ရပ်ကွက်များကပြော သည်။

နှစ်ရက်တာခရီးစဉ်နှင့် မြစ်ကြီးနားမြို့ကိုရောက်ရှိနေသော စစ်ခေါင်းဆောင် သည် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် နယ်ခြားစောင့်တပ် (BGF) က တာဝန် ရှိသူများ၊ ပြည်သူ့စစ်အဖွဲ့ဝင်များများနှင့် ပါတွေ့ဆုံခဲ့သည်ဟု တိုင်းစစ်ဌာန ချုပ်နှင့်နီးစပ်သောသတင်းရင်းမြစ်များက ပြောသည်။

မြစ်ကြီးနားမြို့တွင်းမှာတော့ ယနေ့တွင် လုံခြုံရေးအထူးတပ်ဖြန့်ချထားသည် ဟု ဒေသခံများက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required