ဝီကီမီဒီယာစနစ်များအား ထိုးဖောက်ဝင်ရောက်သည့် တရုတ်ပြည်မကြီးမှ ၇ ဦးကို ဝင်ရောက်ကြည့်ရှုခွင့် တားမြစ်

ဝီကီမီဒီယာစနစ်များအား ထိုးဖောက်ဝင်ရောက်သည့် တရုတ်ပြည်မကြီးမှ ၇ ဦးကို ဝင်ရောက်ကြည့်ရှုခွင့် တားမြစ်

တရုတ်ပြည်မကြီးမှ ဝီကီပီးဒီးယားအယ်ဒီတာများသည် ဟောင်ကောင် သုံးစွဲသူများအား ခြိမ်းခြောက်ခဲ့သည် ဆိုသော စွပ်စွဲချက်သတင်းထွက်ပေါ်လာပြီးနောက် တရုတ်နိုင်ငံမှ အသုံးပြုသူ ၇ ဦးကို ဝီကီပီးဒီးယား ကြီးကြပ်သည့်အဖွဲ့က ၎င်း၏ ကမ္ဘာ့အနှံ့ ဝက်ဘ်ဆိုက်များအား ဝင်ရောက် ကြည့်ရှုခွင့်ကို တားမြစ်လိုက်သည်။

စီမံခန့်ခွဲမှု သုံးပိုင်ခွင့်ရှိသူ ၃ ဦးနှင့် အခြားတာဝန်ရှိသူ ၁၂ ဦး၏ အခြားလုပ်ပိုင်ခွင့်များကိုလည်း ရုပ်သိမ်းလိုက် ကြောင်း မီဒီယာသတင်းတစ်ပုဒ်တွင် စက်တင်ဘာ ၁၄ရက်က ဖော်ပြထားသည်။

တရုတ်ပြည်မကြီးမှ ဝီကီပီးဒီးယား အယ်ဒီတာများသည် အမျိုးသားလုံခြုံရေးဥပဒေကို ချိုးဖောက်မှုများအတွက် ဟောင်ကောင်သုံးစွဲသူများအား သတင်းပို့ရန် ခြိမ်းခြောက်ကြောင်း စွပ်စွဲချက်များရှိခဲ့သည်ဟု ဇူလိုင်လတွင် ဟောင်ကောင်မီဒီယာ လွတ်လပ်ခွင့်သတင်းဌာန(HKFP) က သတင်းဖော်ပြခဲ့သည်။

ဝီကီပီးဒီးယားဖောင်ဒေးရှင်းသည် တရုတ်ပြည်မကြီးမှ “အသိအမှတ်မပြုသည့် အုပ်စု” တစ်စုဖြစ်သည့် ဝီကီပီးဒီးယား အသုံးပြုသူများကို စုံစမ်းစစ်ဆေးခဲ့ပြီး ပုဂ္ဂိုလ်ရေးသတင်းအချက်အလက်များကို လက်လှမ်းမီ သည့် ရာထူးနှင့် သြဇာရှိသော ရွေးချယ်ခံအဖွဲ့များအပါအဝင် ဝီကီမီဒီယာစနစ်များအတွင်းသို့ စိမ့်ဝင်မှုနှင့် ပတ်သက်သော "လုံခြုံရေးအန္တရာယ်များ" ကို ဖော်ထုတ်ခဲ့သည်ဟု ဝီကီမီဒီယာဖောင်ဒေးရှင်း၏ ဒုတိယဥက္ကဌ တစ်ဦးဖြစ်သူ မက်ဂီဒန်နစ်က စက်တင်ဘာ ၁၄ရက် ထုတ်ပြန်ချက်တွင် ပြောကြားထားသည်။

တရုတ်ပြည်မကြီး၊ ဟောင်ကောင်နှင့် ထိုင်ဝမ်မှ သုံးစွဲသူများသည် သွယ်ဝိုက်သည့် နည်းလမ်းဖြင့် ဝက်ဘ်ဆိုက်အား ဝင်ရောက် ပြင်ဆင်ကိုင်တွယ်ခွင့် ရရန် ကြိုးပမ်းနေသောကြောင့် ဝီကီပီးဒီးယားကို အသုံးချကာ ရွေးကောက်ပွဲ မဲဆွယ်မှုများ လုပ်ဆောင်မည်ကို ဟောင်ကောင်မှ အသုံးပြုသူများက စိုးရိမ်နေကြောင်း HKFP က သတင်းဖော်ပြခဲ့သည်။

စီမံပြင်ဆင်မှုများ ပြုလုပ်ချင်သော သုံးစွဲသူများအတွက် ဝီကီပီးဒီးယားက ရွေးကောက်ပွဲများ ကျင်းပပေးလေ့ရှိပြီး ၎င်းတို့သည် သုံးစွဲသူများ၏ အချက်အလက်များကို ပိုမိုထိတွေ့နိုင်ခွင့်နှင့် ဆောင်းပါးများကို တည်းဖြတ်နိုင်သော ပိုမိုအားကောင်းသော လုပ်ပိုင်ခွင့်များရရှိခဲ့ကြောင်း ဟောင်ကောင်မီဒီယာ လွတ်လပ်ခွင့်သတင်းဌာနက ဖော်ပြခဲ့သည်။

တရုတ်ဘာသာစကားဖြင့် ဖော်ပြသည့် ဝီကီပီးဒီးယားတွင် အသုံးပြုသူများသည် ဝီကီပီးဒီးယားအပြင်ဘက်တွင် ရွေးကောက်ပွဲ စည်းရုံးမှုတွင်ပါ ဝင် ပတ်သက်ခဲ့သည်ဟုဆိုသည်။ ၎င်းတို့သည် ပြည်မကြီးမှ ဝက်ဘ်ဆိုက်ကို ကိုင်တယ်ပြင်ဆင်ခွင့်ရသူများရွေးကောက်ခံရရေးကို ကြိုးပမ်းခဲ့ကြောင်း သတင်းက ဆိုသည်။ (ANI)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly