တရုတ်က နီပေါမြေကို ကျူးကျော်ခဲ့ပြီး နယ်စပ်ပြဿနာများ ဖြေရှင်းရေးရန် ဖိအားပေး

တရုတ်က နီပေါမြေကို ကျူးကျော်ခဲ့ပြီး နယ်စပ်ပြဿနာများ ဖြေရှင်းရေးရန် ဖိအားပေး

နီပေါသည် မဟာမိတ်နိုင်ငံဟု တရုတ်က ဆိုသော်လည်း ၂၀၂၀ပြည့်နှစ်မှစ၍ တရုတ်က ဟန်လာခရိုင်ရှိ နီပေါပိုင်နက်ကို ကျူးကျော်ခဲ့ပြီး နယ်စပ်ပြဿနာများ ဖြေရှင်းရေးအတွက် ကော်မတီတစ်ရပ်ဖွဲ့စည်းရန် လက်ရှိ နီပေါအစိုးရအား တရုတ်က ဖိအားပေးခဲ့သည်ဟု မီဒီယာသတင်းတစ်ခုတွင် ဖော်ပြခဲ့သည်။

သို့သော် ကေပီရှာမာအိုလီ ဦး ဆောင်သော နီပေါအစိုးရဟောင်းသည် ကျူးကျော်မှုနှင့် ပတ်သက်သည့် သတင်းများကို ပယ်ချလိုက်ပြီး နီပေါနှင့် တရုတ်အကြားတွင် နယ်နိမိတ်အငြင်းပွားခြင်းမရှိကြောင်း ပြောကြား ခဲ့သည်ဟု လူ့အခွင့်အရေးနှင့် လုံခြုံရေး နိုင်ငံတကာဖိုရမ်(IFFRAS) က ပြောကြားခဲ့သည်။

မကြာသေးမီက ဝန်ကြီးချုပ် ရှာဒူဘာ ဦးဆောင်သော နီပေါအစိုးရသည် တရုတ်နှင့် နယ်နိမိတ်အငြင်းပွားမှုကို စုံစမ်းစစ်ဆေးရန် အဖွဲ့ဝင် ၅ဦးပါသော အဖွဲ့ကို ဖွဲ့စည်းလိုက်သည်။

ယင်းကော်မတီသည် ဟန်လာခရိုင်ရှိ လီမာလက်ပ်ချာ မှ နမ်ခါ ကျေးလက်မြူနီစပယ်အထိ နီပေါ-တရုတ် နယ်စပ်နှင့် ဆက်စပ်သောပြဿနာများကို လေ့လာမည်ဖြစ်သည်။

ဒေသခံများသည်ဒေါသတကြီးအော်ဟစ်ပြီး ကျူးကျော်မှုအား စုံစမ်းစစ်ဆေးရန် တောင်းဆိုခဲ့ကြသည်။

အစီရင်ခံစာများအရ တရုတ်သည် ဟန်လာခရိုင်တွင် အဆောက်အအုံများကို တိတ်တဆိတ် တည်ဆောက်ခဲ့ပြီး နီပေါလူမျိုးများကိုလည်း ယင်းဧရိယာအတွင်းသို့ ဝင်ရောက်ခြင်းကို တားမြစ်ခဲ့သည်။

၂၀၂၀ ခုနှစ် သြဂုတ်လတွင် ဒေသခံကျေးရွာကောင်စီဥက္ကဌ ဘာဟူဒါ လာမာက ယင်းနယ်မြေသို့ သွားရောက် စဉ် ယင်းပြဿနာပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။ သူသည် နီပေါပိုင်နက်အတွင်းပိုင်း ၂ ကီလိုမီတာခန့် အကွာတွင် တရုတ် PLA မှ အသစ်တည်ဆောက်ထားသော အဆောက်အအုံများကို တွေ့မြင်ခဲ့ရသည်။

ယင်းကိစ္စထွက်ပေါ်လာပြီးနောက် ဟန်လာခရိုင်၏ လက်ထောက်ခရိုင်အရာရှိ (CDO) ဟာမယ်က စုံစမ်းစစ်ဆေးမှုတစ်ခုလုပ်ခဲ့ပြီး တရုတ်က နီပေါပိုင်နက်အတွင်း ကျူးကျော်ဝင်ရောက်မှုကို အတည်ပြုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly