မြန်မာ၊ နီပေါတို့နှင့် ကုန်သွယ်မှု ဆက်ဆံရေးနောက်ကွယ်တွင် တရုတ်က ရေရှည်ရည်မှန်းချက်များရှိနေ

မြန်မာ၊ နီပေါတို့နှင့် ကုန်သွယ်မှု ဆက်ဆံရေးနောက်ကွယ်တွင် တရုတ်က ရေရှည်ရည်မှန်းချက်များရှိနေ

တောင်အာရှတွင် အိန္ဒိယကို ဝိုင်းထားရန် ရည်ရွယ်ချက်ဖြင့် တရုတ်က ရေရှည်မဟာဗျူဟာရည်မှန်းချက်များကို ချမှတ်ခဲ့ပြီး မဟာဗျူဟာမြောက် သြဇာလွှမ်းမိုးမှုရှိစေရန် ကုန်သွယ်ရေးသံတမန်ဆက်ဆံရေးမှတဆင့် ဒေသတွင်း၌ များပြားလှသော ရင်းနှီးမြှုပ်နှံမှုများကို ပုံအောထားသည်။

ကမ္ဘာက အာဖဂန်နစ္စတန်အရေးကို အာရုံစိုက်နေချိန်တွင် မကြာသေးမီက မြန်မာနိုင်ငံကို ဖြတ်၍ အိန္ဒိယသမုဒ္ဒရာသို့ ရောက်ရှိနိုင်မည့် မဟာဗျူဟာမြောက် ရထားလမ်း ကြောင်းကို တရုတ်က တိတ်တဆိတ် ဖွင့်လှစ်ခဲ့သည်ဟု The Irrawaddy က စက်တင်ဘာ ၁၅ရက်က ဖော်ပြခဲ့သည်။

တရုတ်နှင့် အိန္ဒိယသမုဒ္ဒရာအကြား ပထမဆုံးသောရထားလမ်းဆက်သွယ်မှုသည် တရုတ်၏ ကုန်းတွင်း ပိတ်ယူနန်ပြည်နယ်သို့ ကုန်တင်ပို့ရန် လိုအပ်သောအချိန်ကို သိသိသာသာလျော့ကျစေလိမ့်မည် ဖြစ်သည်။

ငွေကြေးအမြတ်အစွန်းရရှိသည့်အတွက် တရုတ်အစိုးရက အဆိုပါ မီးရထားလမ်းသစ်ကို မြန်မာစစ်အစိုးရအား လက်ဆောင်ပေးခဲ့သည်မှာ သံသယဖြစ်စရာမလိုပေ။

အိန္ဒိယနိုင်ငံ၏ အာရူနာချယ်လ်ပရာဒေ့ရှ်ပြည်နယ်တဖက်ရှိ မဟာဗျူဟာကျသည့် နယ်စပ်မြို့ နင်းချီမြို့နှင့် တရုတ်မြို့တော် လာဆာအကြား လျှပ်စစ်ဓာတ်အား အပြည့်အဝသုံး မြန်နှုန်းမြင့်ရထားပြေးဆွဲပြီး နှစ်လ တိတိတွင် ယင်းကုန်သွယ်ရေးလမ်းကြောင်းကိုဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။

တရုတ်အစိုးရသည် လာဆာနှင့် နီပေါနိုင်ငံ ခေတ္တမန္ဒူမြို့သို့ဆက်သွယ်မည့် ရထားလမ်းကြောင်းအတွက် မြေ သားပြုပြင်ခြင်းလုပ်ငန်းများလုပ်ဆောင်နေပြီး ယင်းလမ်းကို အိန္ဒိယ-နီပေါနယ်စပ်အနီး လုမ္ပနီမြို့အထိ ဆက်သွယ်သွားမည်ဖြစ်ကြောင်း ၂၀၂၀ ပြည့်နှစ်အတွင်း ထွက်ပေါ်ခဲ့သည့် အစီရင်ခံစာများက ဆိုသည်။

ယင်းတိုးတက်မှုများအားလုံးမှ တဆင့်ကွန်မြူနစ်အစိုးရသည် အိန္ဒိယကို မဟာဗျူဟာမြောက် ဝိုင်းထားရန် စီစဉ်နေသည်။ စီမံကိန်းအချို့သည် တရုတ်၏ ခါးပတ်လမ်းစီမံကိန်းနှင့် ဆက်စပ်နေပြီး ကမ္ဘာလုံးဆိုင်ရာ ဆက်သွယ်မှု စီမံကိန်းဖြစ်သည်။ သို့သော် ယင်းစီမံကိန်းများသည် အိန္ဒိယအတွက် သိသာထင်ရှားသော လုံခြုံရေးဆိုင်ရာ အကျိုးသက်ရောက်မှုများရှိနေသည်။

The Irrawaddy သတင်းဌာန၏ ဖော်ပြချက်အရ တရုတ်လေ့လာဆန်းစစ်သူ ကယ်ပစ်အေမန်ကီကာက “ မြန်မာစီမံကိန်းနဲ့ ပတ်သက်ရင် တရုတ်နဲ့ အိန္ဒိယသမုဒ္ဒရာကို ပထမဆုံး ကုန်းလမ်းကြောင်းကနေ ရထားလမ်းချိတ်ဆက်ပေးတဲ့စနစ် ဖြစ်လာပြီး ကုန်သွယ်ရေးကို အလေးထားတဲ့ စီမံကိန်းဖြစ်ပုံရတယ်။ မလက္ကကာ ရေလက်ကြားကို မဖြတ်ဘဲ ရှောင်လွှဲနိုင်အောင်လို့ပါ” ။

“မြန်မာနယ်စပ်ကနေ အသစ်စတင်လိုက်တဲ့မီးရထားလမ်းက တရုတ်ပြည်အနောက်ပိုင်းက အရေးကြီး စီးပွားရေးအချက်အခြာမြို့ဖြစ်တဲ့ ချန်ဒူကို အဓိက အကျိုးပြုပါလိမ့်မယ်” ဟု သုံးသပ်သူက The Irrawaddy သို့ ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly