ဧည့်စားရင်းမတိုင်သည့် ဘာသာရေးဆရာ ၈ ဦးအား ရဲခေါ်စစ်

ဧည့်စားရင်းမတိုင်သည့် ဘာသာရေးဆရာ ၈ ဦးအား ရဲခေါ်စစ်
ဓာတ်ပုံ-မာန်ဇာမြေမွန်

မုံရွာ၊ ဒီဇင်ဘာ ၁၇ ။           ။ ဆားလင်းကြီးမြို့နယ် ညောင်ပင်ကြီးရွာတွင် ဒီဇင်ဘာ ၁၇ ရက်က ရန်ကုန်တစ်ခြမ်းပဲ့ဗလီမှ ဘာသာရေးဆရာ ၈ ဦးအား ဧည့်စာရင်းမတိုင်ခဲ့သည့်အတွက်   ညောင်ပင်ကြီးရဲတပ်ဖွဲ့မှ ခေါ်ယူစစ်ဆေးခဲ့ကြောင်း သိရသည်။

"ဘာသာရေးနှောင့်ယှက်တာမဟုတ်ပါဘူး။ တည့်ငြိမ်အေးချမ်းရေးအတွက်ပါ။ မဖြစ်သင့်တာ မဖြစ်အောင် လို့ ခေါ်ယူစစ်ဆေးခြင်းဖြစ်ပါတယ် "ဟု ညောင်ပင်ကြီး နယ်မြေရဲစခန်း ရဲအုပ်မျိုးညွှန့်ဦး က ပြောသည်။

သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးရုံးတွင် သွားရောက် ဧည့်စားရင်းတိုင်ခဲ့ကြောင်း အုပ်ချုပ်ရေးမှူးမှာ နေအိမ်တွင် မရှိသည့်အတွက် ဧည့်စားရင်းစာကိုသာ ယူဆောင်လာခဲ့ကြောင်း   ညောင်ပင်ကြီး   ကျေးရွာရှိ ညောင်ပင်ကြီး ဗလီမှဘာသာရေးဆရာတစ်ဦးက ပြောသည်။

ရန်ကုန်မြို့အောင်ဆန်းကွင်းအနီးရှိ တစ်ခြမ်းပဲ့ဗလီမှ ဘာသာရေးဆရာများဖြစ်ပြီး မုံရွာမြို့အနီးတဝိုက်ရှိ ဗလီ ရှစ်ခုသို့ တရားအားထုတ်ရန်လာရောက်ခြင်းဖြစ်ကြောင်း၊ ဘာသာရေးသက်သက်သာ လုပ်ဆောင်မည့် ပုဂ္ဂိုလ်များမှန်ကန်ကြောင်း၊ ရောက်ရှိသည့်ကျေးရွာမြို့များတွင် ဧည့်စာရင်းတိုင်ကြားရန် စီစဉ်ထားပါကြောင်း မုံရွာမြို့ဆိုင်ရာ အစ္စလာမ်ရေးရာဦးစီးအဖွဲ့(မြို့မဗလီ)မှ မုံရွာမြို့နယ် အထွေထွေအုပ်ချုပ်ရေးသို့ အစီရင်ခံသည့်စာတွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly