ကက်ရှ်မီးယားတွင် ကားပေါ်မှဆင်းရန်မလိုဘဲ ဝယ်ယူနိုင်သည့် ပထမဆုံး သကြားလုံးဆိုင်ကို စတင်ဖွင့်လှစ်

By Rising Kashmir
18 September 2021
ကက်ရှ်မီးယားတွင် ကားပေါ်မှဆင်းရန်မလိုဘဲ ဝယ်ယူနိုင်သည့် ပထမဆုံး သကြားလုံးဆိုင်ကို စတင်ဖွင့်လှစ်

မိုဟာမက်တာအာသည် ယူအေအီးမှ ပြန်လာပြီးနောက် အားလပ်ရက်အတွက် ကက်ရှ်မီးယားသို့ ရောက်ရှိချိန် တွင် အခွင့်အလမ်းက စောင့်ကြိုနေသည်ကို သူ့အနေဖြင့် မသိခဲ့ပေ။

ယခုနှစ် ဧပြီလတွင် သူငယ်ချင်းများဖြစ်သော အာဆမ်ဆားချ်နှင့် အာဒေလ်တို့နှင့် တွေ့ဆုံရန် ကက်ရှ်မီးယားသို့ လာရောက်ခဲ့ပြီး ကက်ရှ်မီးယားတွင် အလုပ်အကိုင်အခွင့်အလမ်းများအကြောင်း အမှတ်တမဲ့ ဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးချိန်အတွင်း အာဆမ်က ကက်ရှ်မီးယားတွင် သကြားလုံးဆိုင်ဖွင့်ရန် စတင်စိတ်ကူးရခဲ့သည်။ တာအာနှင့် အာဒေလ်တို့ကလည်း စိတ်ဝင်စားသည့်နှင့် ပထမခြေလှမ်းကို တက်လှမ်းရန်အတွက် သူငယ်ချင်း ဖြစ်သူအား သဘောတူခဲ့ကြသည်။

တာအာသည်“ သကြားလုံးအိမ်” မှ သကြားလုံးများကို နှစ်သက်သဖြင့် ယင်းအား ကက်ရှ်မီးယား၌ စတင်မိတ်ဆက်ရန် ဆုံးဖြတ်ခဲ့သည်။

"အာဆမ်က သူတို့နဲ့ အဆက်အသွယ်ရခဲ့တယ်၊ လိုအပ်မယ့် လုပ်ငန်းစဉ်အကုန်ပြီးစီးအောင်လုပ်ခဲ့တယ်၊ စာရွက်စာတမ်းတွေ လုပ်ခဲ့တယ်၊ အချိန်တိုအတွင်းမှာ ကျွန်တော်တို့က ဆိုင်ခွဲဖွင့်လှစ်ခွင့်ရပြီး ကက်ရှ်မီး ယားတစ်ခုလုံးကို ဖြန့်ချိခွင့်ရခဲ့တယ်" ဟု သူက ထပ်လောင်း ပြောဆိုသည်။

“ သကြားလုံးအိမ်” သည် သကြားလုံးများ၊ ချောကလက်များနှင့် ချိုချဉ်များကို ထုတ်လုပ်သည့် မြို့တွင် ပထမဆုံး ကားပေါ်မှ မဆင်းဘဲ တိုက်ရိုက်ဝယ်ယူရနို်ငသည့်ဆိုင်ဖြစ်လာခဲ့သည်ဟု တာအာက ဆိုသည်။ “ ကျွန်တော်တို့က ၂၀၂၁ ခုနှစ် မေလမှာစခဲ့ပြီး အဲဒီအချိန်ကထဲက ဖွင့်ခဲ့တာပါ"

အသက်မွေးဝမ်းကျောင်းအရ အင်ဂျင်နီယာဖြစ်သောတာအာသည် စွန့်စားရကျိုးနပ်သည်ကို တွေ့ရသောအခါ ယူအေအီးရှိ အလုပ်မှ ထွက်ခွာရန် အဆင်သင့်ဖြစ်နေပြီဖြစ်သည်။

"ကျွန်တော်အပြင်မှာနေတာ ကြာနေပါပြီ။ ဇာတိမြေနဲ့ မိသားစုကို အမြဲသတိရပါတယ်၊ အိမ်မှာ နေရတာ ကောင်းတယ်၊ အခွင့်အလမ်းတွေကို မြင်ရတော့ စွန့်စားရကျိုးနပ်တယ်လို့ ခံစားရတယ်။ "

ယခုအချိန်ထိ သူတို့သည် အမှတ်တံဆိပ်ကိုမြှင့်တင်ရေးအတွက် 'Instagram' နှင့် လက်ကမ်းစာစောင်များကို သုံးခဲ့ကြပြီး စီးပွားရေးကောင်းမွန်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly